မျက်လုံးတစ်ဖက်ကောင်းကောင်းမမြင်ရပေမဲ့ ဝမ်းရေးအတွက် ဈေးရောင်းနေတဲ့ အဘိုးကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် လူရွှင်တော်မိုးစက်ကတော့ ဒီနေ့မှာလည်း အဖိုးတစ်ယောက်ကို ထပ်မံကူညီထောက်ပံ့ခဲ့တယ်လို့ သိရှိရပါတယ်။ မိုးစက်ကတော့ သူ့ရဲ့ထုံးစံအတိုင်း အသက်အရွယ်ကို အံ့တုပြီး ဇွဲလုံးလအပြည့်နဲ့ သမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့ သက်ကြီးရွယ်အိုတွေကို လိုက်လံကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း မိုးစက်ကတော့ တံမြတ်စည်းတွေရောင်းကာသမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့ အဖိုးတစ်ယောက်ကို ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ အဖိုးကတော့ တစ်ယောက်တည်းနေထိုင်ရပြီး မျက်စိတစ်ဖက်ကလည်းကောင်းကောင်းမမြင်ရနဲ့ ဈေးရောင်းလို့ရတဲ့ ငွေတွေကို ချွေတာသုံးကာ အိမ်လခနဲ့စားဝတ်နေရေးကို ခက်ခဲစွာဖြေရှင်းနေခဲ့ရတာပဲဖြစ်ပါတယ်။

မိုးစက်ကတော့ အဖိုးထံသွားရောက်ပြီး အလှူငွေ (၁)သိန်းကျပ်ထောက်ပံ့ကူညီခဲ့တာဖြစ်ပြီး အဖိုးရဲ့ ဆန္ဒကတော့ မျက်စိခွဲချင်တာပါတဲ့ ။မိုးစက်ကတော့ တစ်ယောက်ထဲနေရတဲ့ အတွက် ပြုစုဖို့တွေ ၊ မျက်စိခွဲပြီး အေးအေးဆေးဆေး ခဏနေနိုင်ဖို့အတွက်တော့ ကြည့်ပြီး စီစဉ်ပေးသွားဖို့လည်း ကြိုးစားသွားမှာပါတဲ့။

Source – Moe Sat
Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Moe Sat
Chilli – CeleZone