လက်မှုအနုပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် မိတ်ကပ် ဆံထုံး သင်တန်းဖွင့်လှစ်ပေးမှာဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း)

Posted on

ပရိသတ်တွေက သုသုလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)ကတော့ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင် ပရိသတ်အချစ်တော် တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ သုသုကတော့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ ဆယ်စုနှစ် နှစ်ခုကြာရပ်တည်နေတဲ့သူဖြစ်ပြီး အရည်ချင်းပြည့်ဝတဲ့ တပည့်တွေကိုလည်း မွေးထုတ်ထားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း သုသုကတော့ သူတတ်မြောက်ကာ အသက်မွေးဝမ်းကြောင်းပြုရပ်တည်နေတဲ့ လက်မှုအနုပညာရပ်တွေကို သူ့လိုပဲ အသက်မွေးဝမ်းကြောင်းပြုချင်သူတွေအတွက် မိတ်ကပ်နဲ့ ဆံထုံးသင်တန်းလေးဖွင့်လှစ်သွားဖို့ ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေကိုပညာယူကာ သုသုကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမှာဖြစ်ပြီးအသားအရောင်လိုက် အောက်ခံမိတ်ကပ် လိမ်းနည်းမျိုးစုံ၊ လူတစ်ယောက် ရဲ့ ဝတ်စားဆင်ယင်မှု မျက်နှာအနေအထားလိုက် ဖက်သော ဆံပင်၊ဆံထုံး ပြင်ဆင်ပေး ခြင်း နည်းမျိုးစုံ၊ သတို့သား+သတို့သမီး ၊ဘွဲ၊ပွဲတက် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်သော မိတ်ကပ် ဆံပင် ဆင်ယင် ထုံး ဖွဲ မှုများကို အသေးစိတ် သင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

သင်တန်းကာလ တစ်လခွဲကြာမြင့်မှာဖြစ်ပြီးတော့ ဦးဆုံးအပ်နှံတဲ့ သူတွေကိုလည်း အမျိုးသမီး ဆံညှပ်အခြေခံသင်တန်းကိုပါ ထည့်သွင်းသင်ကြားပေးဦးမှာပါတဲ့။ CeleGabar ပရိသတ်ကြီးတွေထဲက လက်မှုအနုပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးဖြစ်တာကြောင့် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nyi Nyi Maung
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

လက္မႈအႏုပညာျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳလိုသူမ်ားအတြက္ မိတ္ကပ္ ဆံထုံး သင္တန္းဖြင့္လွစ္ေပးမွာျဖစ္တဲ့ ညီညီေမာင္ (စမ္းေခ်ာင္း)

ပရိသတ္ေတြက သုသုလို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ မိတ္ကပ္ပညာရွင္ ညီညီေမာင္ (စမ္းေခ်ာင္း)ကေတာ့ ေအာင္ျမင္တဲ့ မိတ္ကပ္ပညာရွင္ ပရိသတ္အခ်စ္ေတာ္ တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတဲ့သူပဲျဖစ္ပါတယ္။ သုသုကေတာ့ မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔ ဆယ္စုႏွစ္ ႏွစ္ခုၾကာရပ္တည္ေနတဲ့သူျဖစ္ၿပီး အရည္ခ်င္းျပည့္ဝတဲ့ တပည့္ေတြကိုလည္း ေမြးထုတ္ထားခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

လတ္တေလာမွာလည္း သုသုကေတာ့ သူတတ္ေျမာက္ကာ အသက္ေမြးဝမ္းေၾကာင္းျပဳရပ္တည္ေနတဲ့ လက္မႈအႏုပညာရပ္ေတြကို သူ႔လိုပဲ အသက္ေမြးဝမ္းေၾကာင္းျပဳခ်င္သူေတြအတြက္ မိတ္ကပ္နဲ႔ ဆံထုံးသင္တန္းေလးဖြင့္လွစ္သြားဖို႔ ရွိေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝလာခဲ့ပါတယ္။ ကိုယ္တိုင္ႀကဳံေတြခဲ့ရတဲ့ အေတြ႕အႀကဳံေတြကိုပညာယူကာ သုသုကိုယ္တိုင္ကိုယ္က် သင္ၾကားေပးမွာျဖစ္ၿပီးအသားအေရာင္လိုက္ ေအာက္ခံမိတ္ကပ္ လိမ္းနည္းမ်ိဳးစုံ၊ လူတစ္ေယာက္ ရဲ႕ ဝတ္စားဆင္ယင္မႈ မ်က္ႏွာအေနအထားလိုက္ ဖက္ေသာ ဆံပင္၊ဆံထုံး ျပင္ဆင္ေပး ျခင္း နည္းမ်ိဳးစုံ၊ သတို႔သား+သတို႔သမီး ၊ဘြဲ၊ပြဲတက္ ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သတ္ေသာ မိတ္ကပ္ ဆံပင္ ဆင္ယင္ ထုံး ဖြဲ မႈမ်ားကို အေသးစိတ္ သင္ၾကားေပးသြားမွာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

သင္တန္းကာလ တစ္လခြဲၾကာျမင့္မွာျဖစ္ၿပီးေတာ့ ဦးဆုံးအပ္ႏွံတဲ့ သူေတြကိုလည္း အမ်ိဳးသမီး ဆံညႇပ္အေျခခံသင္တန္းကိုပါ ထည့္သြင္းသင္ၾကားေပးဦးမွာပါတဲ့။ CeleGabar ပရိသတ္ႀကီးေတြထဲက လက္မႈအႏုပညာျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳလိုသူမ်ားအတြက္ လက္မလြတ္သင့္တဲ့ အခြင့္အေရးျဖစ္တာေၾကာင့္ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Nyi Nyi Maung
Chilli – CeleGabar