သူ့ကိုလွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု မျှဝေလာခဲ့တဲ့ တန်ခွန်ကျော်

Posted on

ပရိသတ်ကြီးရေ တန်ခွန်ကျော်ကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ တေးသီချင်းတွေလည်း ထွက်ရှိထားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။

လတ်တလောမှာတော့ တန်ခွန်ကျော်က အနုပညာအလုပ်တွေလုပ်ကိုင်မှု နည်းပါးနေခဲ့ပြီး တန်ခွန်ကျော်ရဲ့ ပရိသတ်တွေကလည်း တန်ခွန်ကျော်ကို လွမ်းနေကြသလို တန်ခွန်ကျော်ကလည်း သူ့ရဲ့ပရိသတ်တွေကို သတိရလွမ်းဆွတ်တမ်းတနေခဲ့ကြပါသေးတယ်။ တန်ခွန်ကျော်ကတော့ လွမ်းနေတဲ့ ပရိသတ်တွေအတွက် မကြာခင်အချိန်မှာ သီချင်းလေးတစ်ပုဒ်တင်ဆက်ပေးဖို့ ရှိကြောင်း သတင်းကောင်းမျှဝေလာခဲ့ပါတယ်။

“ကျွန်တော်တို့လူမျိုးဖြစ်တဲ့ Zomi ဘာသာနဲ့ အသဲကွဲသီချင်းလေးတစ်ပုဒ် Cover လေးဆိုပြီး မြန်မာပြန်လေးနဲ့ တင်ဆက်ပေးဖို့ ပြင်ဆင်နေပါတယ်” ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက တန်ခွန်ကျော်ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Tan Khun Kyaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Tan Khun Kyaw
Chilli – CeleGabar