ခင်လေးနွယ်ရဲ့ မွေးနေ့လေးအတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မိုးပြည့်ပြည့်မောင်

Posted on

ပရိသတ်ကြီးရေ ခင်လေးနွယ်ကတော့ တစ်ခေတ်တစ်ခါက ထိပ်တန်းသရုပ်ဆောင် မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ (၃၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ခင်လေးနွယ်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

ခင်လေးနွယ်ရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးကိုတော့ ချစ်ရတဲ့ ပရိသတ်တွေ အနုပညာရှင်မောင်နှမတွေနဲ့ မိတ်ဆွေတွေက မွေးနေ့ဆုမွန်ကောင်းတွေအသီးသီးတောင်းပေးခဲ့ကြပါသေးတယ်။ မွေးနေ့ဆုတောင်းပေးကြတဲ့ ထဲမှာမိုးပြည့်ပြည့်မောင်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ မိုးပြည့်ပြည့်မောင်ကတော့ “ချစ်ရတဲ့ခင်ရေhappy birthdayနော်…ကျန်းမာချမ်းသာအသက်ရှုတိုင်းပိုက်ဆံရပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။

Happy Birthday ပါ ခင်ရေ… ဒီနေ့မွေးနေ့ကနေစလို့ပျော်ရွှင်မှုတွေများစွာပိုင်ဆိုင်နိုင်ပါစေလို့ CeleGabar ကနေ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ CeleGabar ပရိသတ်ကြီးတွေလည်း ခင်လေးနွယ်ရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့ဆုမွန်ကောင်းလေးတွေ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – မိုးပြည့်ပြည့်မောင်
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar