CeleGabar ပရိသတ်ကြီးရေ သံစဥ်မောင်ကတော့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး ဘေဘီမောင်ရဲ့ညီမလေးဖြစ်ပါတယ်။ အမနဲ့ထပ်တူတစ်နေ့တခြားလှသထက်လှလာတဲ့ သံစဥ်မောင်ကတော့ အနုပညာလုပ်တွေကိုလည်းဆက်တိုက်လုပ်ကိုင်လျက်ရှိတာပါ။
အမြဲပျော်ပျော်နေတတ်ပြီး သူမရဲ့အကောင့်ကနေ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုပုံရိပ်တွေကို Liveလွှင့်လေ့လည်းရှိပါသေးတယ်။ ဒါ့အပြင်အမဖြစ်သူဘေဘီမောင်ရဲ့Live saleဘေးတွေမှာလည်းပါဝင်ကူညီနေတဲ့ ညီမအလိမ္မာလေးဆိုလည်းမမှားပါဘူး။
လက်ရှိမှာအမဖြစ်သူဘေဘီမောင်ကသမီးဦးလေးကို ကိုယ်ဝန်လွယ်ထားရတာကြောင့် တူမလေးကိုမကြာခင်မြင်တွေ့ရတော့မှာမို့ ပျော်ရွှင်ဝမ်းသာနေကြောင်းကို”မကြာခင်တူမလေးရတော့မယ် 🥰””ဒီအဒေါ်နဲ့တူရင်တော့ ဒီတူမလေးချောမှာ🤣”ဆိုတဲ့စာလေးနဲ့ အခုထဲကတူမလေးကိုတွေးကပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ CeleGabarပရိသတ်တွေလည်းသံစဥ်မောင်တို့ညီအစ်မနှစ်ဦးရဲ့ချစ်စရာအမှတ်တရပုံလေးတွကိုကြည့်ရှူနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။
Koe-CeleGabar
Source – ThansinMaung
ZawgyiFontဖြင့်ဖတ်ရန်
” မကြာခင်မှာတူမလေးကိုပိုင်ဆိုင်တော့မယ့် အဖြစ်ကိုတွေးကာ ကြည်နူးပျော်ရွှင်နေတဲ့ သံစဉ်မောင်”
Koe-CeleGabar
Source – ThansinMaung