မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲအခမ်းအနား ပွဲပုံရိပ်လေးတွေကို မျှဝေခဲ့တဲ့ အေးသောင်း

ပရိသတ်ကြီးရေ ဒီနေ့ မေလ (၂)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အပျိုကြီးမမ မအေးသောင်းက ဘန်ကောက်မြို့ရှိ Calvary Baptist ဘုရားကျောင်းမှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ မကြာသေးခင်အချိန်က ချစ်သူလေးနဲ့ စုံတွဲပုံလေးတွေကို မျှဝေခဲ့ပြီး စုံတွဲပုံလေးတွေကတော့ Pre Wedding ပုံတွေဖြစ်ခဲ့ပါသေးတယ်။

အေးသောင်းကတော့ ဒီနေ့မှာ ချစ်သူလေးနဲ့ရွှေလက်တွဲခဲ့ပြီး မင်္ဂလာအခမ်းအနားပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Save The Date ” ဆိုပြီး မျှဝေလာခဲ့ပါသေးတယ်။ အေးသောင်းကို ချစ်ကြတဲ့ပရိသတ်တွေနဲ့ အနုပညာရှင်မောင်နှမတွေကတော့ အေးသောင်းရဲ့ မင်္ဂလာပွဲလေးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင့် မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။

အေးသောင်းကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အေးသောင်းရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleGabar ပရိသတ်ကြီးတွေလည်း ချစ်သူလေးနဲ့ ရွှေလက်တွဲသွားတဲ့ ပရိသတ်အချစ်တော် အေးသောင်းအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source – Aye Thaung
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aye Thaung
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x