ကျောက်စိမ်းဘုရားမှာ (၁၁)မီးငြိမ်းအောင်အလှူပြုလုပ်ခဲ့တဲ့ ဆုအိမ့်စံ

ချစ်စရာကောင်းတဲ့ မော်ဒယ်လ်၊မင်းသမီးချောလေးဆုအိမ့်စံကိုတော့ ပရိသတ်တွေသိကြမှာပါ။ အများအားကျရတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသလို မြန်မာဆန်ဆန်ပဲဖြစ်ဖြစ် ခေတ်ဆန်ဆန်ပဲဝတ်ဝတ် လိုက်ဖက်လွန်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆုအိမ့်စံကတော့ အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေသလို လိုအပ်တဲ့နေရာမှာလှူဖို့ကိုလည်း လက်မနှေးတဲ့သူတစ်ယောက်ပါ။


အခုလည်း သူ့ရဲ့အလှူဒါနလေးတစ်ခုကို ပရိသတ်တွေသိအောင် ပြောပြလိုက်တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကျောက်စိမ်းဘုရားမှာ ၁၁မီးငြိမ်းအောင်ငွေကျပ်-၁၁၀၀၀၀ တိတိ ကိုလှူဒါန်းခဲ့ပါတယ်…၇ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာအေးချမ်းကြပါစေ… ကျောက်စိမ်းမြေမှ ၇ရက်သားသမီးအပေါင်းလည်းသောကအပူမီးငြိမ်းရျ် ကျန်းမာချမ်းသာကြပါစေ…နတ်လူအပေါင်း သာဓုခေါ်စေသော်. ဆိုပြီးတော့ ပြန်လည်မျှဝေထားတာပါ။


ဆုအိမ့်စံကတော့ အချစ်ရေးမှာစိတ်ညစ်စရာတွေနဲ့ကြုံခဲ့ရပေမဲ့ အခုဆိုရင်အကောင်းဆုံးပြန်လည်ရုန်းထပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုအိမ့်စံရဲ့အလှူကို ဝမ်းမြောက်သာဓုခေါ်နိုင်ဖို့ပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : HsuEaintSan

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x