ပရဟိတ မျက်မမြင်ပညာသင်ကျောင်းအတွက် မုန့်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

Posted on

ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေးပဲဖြစ်ပါတယ်။ မေလသံစဉ်ကတော့ အသက်သာငယ်ပေမဲ့ အနုပညာစွမ်းရည်လည်းပြည့်ဝတဲ့အပြင် အလှူအတန်းတွေကိုလည်း ရက်ရောစွာနဲ့ လှူဒါန်းလေ့ရှိပါတယ်။

မကြာခဏဆိုသလို အလှူအတန်းတွေကို ပြုလုပ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ပြင်ဦးလွင်မြို့မှာ တည်ရှိတဲ့ ပရဟိတ မျက်မမြင်ပညာသင်ကျောင်းအတွက် မုန့်တွေသွားရောက်လှူဒါန်းမှုမှာ မေလသံစဉ်ကကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မေလသံစဉ်ကတော့ နောက်ထပ်လည်း ကလေးသူငယ်အများကြီးရှိတဲ့ ပရဟိတကျောင်းများကို အလှည့်ကျ လှူသွားဖို့ အစီအစဉ်ရှိတဲ့ အတွက် တကယ်လိုအပ်နေကြတဲ့ ပရဟိတကျောင်းတွေရဲ့ လိပ်စာလေးတွေ ရေးပေးခဲ့ကြဖို့တောင်းဆိုထားခဲ့ပါသေးတယ်။ တကယ်ကို မွန်မြတ်လွန်းလှတဲ့ အလှူလေးပါပဲနော်။

Source – မေလသံစဉ် May Melody
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar