” ကိုယ်ဝန်စရှိကတည်းကရင်သွေးလေးအတွက်အလုပ်တွေပိုလုပ်ပြီး ပိုကြိုးစားနေတယ်ဆိုတဲ့ ဘေဘီမောင်”

Posted on

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်ရင်သွေးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့”ကိုယ်ဝန်စရှိကထဲက အလုပ်တွေပိုကြိုးစားပြီးသင်ယူလေ့လာစရာပညာရပ်တွေသင်လာခဲ့တာတစ်ရက်မှကိုအနားမယူသေးတာ သမီးလေးမွေးတဲ့အချိန်မှပဲခနနားတော့မယ်ကွယ်💪🏻❤️👸🏻”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောပြရက်ဖွင့်ခဲ့တာပါ။

ကိုယ်ဝန်ရင့်လာပေမယ့် မျက်နှာလေးကပိုပိုနုပျိုလာတဲ့ ဘေဘီမောင်ကတော့ အလုပ်ကိုလည်းပိုပိုကြိုးစားလုပ်ကိုင်လျက်ရှိနေတာပါCeleGabarပရိသတ်ကြီးရေ။

Koe- CeleGabar
Source- ThandarZaw
ZawgyiFont ဖြင့်ဖတ်ရန်



