အဖြူရောင်သတိုးသမီးဝတ်စုံကြီးနဲ့ ခမ်းနားလှတဲ့ မင်္ဂလာဆောင်ပုံရိပ်လေးတွေကို ထပ်မံမျှဝေခဲ့တဲ့ အေးသောင်း

Posted on

ပရိသတ်ကြီးရေ ဒီနေ့ မေလ (၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အပျိုကြီးမမ မအေးသောင်းရဲ့ သူ့ရဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲတဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အေးသောင်းကတော့ ကချင်ရိုးရာဝတ်စုံလေးကို ဝတ်ဆင်ကာ ဘန်ကောက်မြို့ရှိ Calvary Baptist ဘုရားကျောင်းမှာ မင်္ဂလာပွဲလေးကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ချစ်ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြီးတော့ ကချင်ရိုးရာဝတ်စုံလေးဆင်မြန်းထားတဲ့ မင်္ဂလာ လက်မှတ်ရေးထိုးတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အေးသောင်းရဲ့ မင်္ဂလာအခမ်းအနားပုံလေးတွေကိုကြည့်ပြီး သဘောကျနှစ်သက်ကြောင်းနဲ့ ဂုဏ်ယူကြောင်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။

အေးသောင်းကတော့ နေက်ထပ်လည်း အဖြူရောင်သတိုးသမီးဝတ်စုံကြီးနဲ့ ခမ်းနားလှတဲ့ မင်္ဂလာဆောင်ပုံရိပ်လေးတွေကို ခုညနေပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထပ်မံမျှဝေလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေအတွက် အေးသောင်းရဲ့ ခမ်းနားလှပတဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Source – Aye Thaung
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Aye Thaung
Chilli – CeleGabar