“ကွယ်လွန်သွားတဲ့ဖခင်ကြီးအတွက်ရည်စူးပြီး LED အလှူရှင်အဖြစ် ၁၂ သိန်းကျပ်တိတိ လှူဒါန်းခဲ့တဲ ရတနာမိုင် ”

Posted on

CeleGabarပရိသတ်ကြီးရေ ရတနာမိုင်ကတော့  ရခိုင်တိုင်းရင်းသူ အဆိုတော်မလေး ဖြစ်ပြီး ချစ်စရာကောင်းကာ အသံလေးကအစ တမူထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့သူလေးပါ။ သူမရဲ့မိခင်ဖြစ်သူ အဆိုတော်မိုင်ဆီကနေ အဆိုပညာအရည်အချင်းတွေကိုလက်ဆင့်ကမ်း ရရှိထားသူတစ်ယောက်ပါ။

မကြာသေးမီက သူမရဲ့ဖခင်ကြီးဆုံပါးသွားခဲ့တာဖြစ်ပြီး မကြာမကြာ ဖခင်ကြီးအတွက်ရည်စူးကာအလှူတွေပြုလုပ်လျက်ရှိတာပါ။ဒီနေ့မှာလည်း”ကွန်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးမောင်ရင်အားရည်စူးပြီး ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှ ဆရာတော်ဘုန်းဘုန်းကြီးအား LED အလှူရှင်အဖြစ် ၁၂ သိန်းကျပ်တိတိ လှူဒါန်းပူဇော်ခဲ့ပါတယ်ရှင် ဖေကြီး သမီးကောင်းမှုအစုစုတို့ကိုကုသိုလ်ထပ်တူထပ်မျှရရှိပါစေ ဖေကြီး လူဖြစ်လဲလူချမ်းသာ နတ်ဖြစ်လဲနတ်ချမ်းသာဖြစ်ပါစေ ကောင်းမှုကုသိုလ်တို့လုပ်တဲ့အချိန်တိုင်းသာဓုခေါ်ပေးပါဖေကြီးရေ အမျှ အမျှ အမျှ 🙏🙏🙏”ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကိုဝေမျှခဲ့တာပါ။

စိတ်ထားလေးဖြူစင်ကာ မိဘတွေအပေါ်အမြဲကြည့်ရှူစောင့်ရှောက်တတ်တဲ့ ရတနာမိုင်ရဲ့ အလှူကုသိုလ်တွေဖခင်ကြီးရရှိပါစေနော်။ CeleGabarပရိသတ်တွေလည်း ရတနာမိုင်ရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။


Koe-CeleGabar

Source – YadanarMy





Koe-CeleGabar