စတိုင်အပြည့်အိုက်တင်အပြည့်ပေးထားတဲ့ သမီးလေးထရက်ရှာရဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ မေမေစန္ဒီမြင့်လွင်

Posted on

ပရိသတ်ကြီးရေ ထရက်ရှာ (ခ)ခင်လင်းထင်လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ မွေးစကတည်းက ချစ်မွှေးပါလှတာကြောင့် ပရိသတ်တွေက ချစ်နေကြတဲ့ ကလေးလေးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်နေ့ထက်တစ်နေ့အရွယ်ရောက်လာပြီး အရွယ်ရောက်လာတာနဲ့မျှ လည်လွန်းပြီး တတ်လှတာကြောင့် ထရက်ရှာလေးက ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်လည်းဖြစ်နေခဲ့ပါတယ်။ မေမေနဲ့အတူ ကြော်ငြာတွေကို ရိုက်ကူးနေရပြီး အနုပညာပိုးအပြည့်ပါတဲ့ ကလေးလေးဖြစ်တာကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ အိုက်တင်တွေအမျိုးမျိုးပေးတတ်လွန်းလှတာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ရပါသေးတယ်။

လတ်တလောမှာလည်း မေမေစန္ဒီမြင့်လွင်ကတော့ စတိုင်အပြည့်အိုက်တင်အပြည့်ပေးထားတဲ့ သမီးလေးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြီးတော့ မျှဝေလာခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေအတွက် ထရက်ရှာရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Sandy Myint Lwin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar