ပရိသတ်ကြီးရေ မေခလာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့က မေလ (၂)ရက်နေ့လေးကတော့ အဆိုတော် မေခလာရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ခဲ့ပါတယ်။
မေခလာကတော့ မနေ့ကကျရောက်တဲ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာတော့ မွေးနေ့ကောင်းမှုကုသိုလ်အနေနဲ့ “သင်္ဃန်ကျွန်းကြီး ပုလဲမြို့သစ် ပညာမြေ ဘုန်းတော်ကြီးစာသင်ကျောင်း မိဘမဲ့ခလေးများအတွက် လှုဒါန်းငွေ (၅) သိန်း။ ပဲခူးမြို့ရှိ ရင်ခွင်မဲ့သူများဆုံစည်းရာ ဘက်စုံလူငယ် ဖွံဖြိုးရေးကျောင်းအတွက် မိုးကြိုးလွှတပ်ဆင်ရန် လှုဒါန်းငွေ (၃) သိန်းကျပ်” ကိုသွားရောက်လှုဒါန်းခဲ့ပါတယ်။
မေခလာကတော့ သူရဲ့မွေးနေ့အလှူလေးကတော့ သူ့နဲ့အတူ ပရိသတ်ကြီးရဲ့ အလှူဒါနလေးဖြစ်တာကြောင့် အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုပေးကြဖို့ မျှဝေထားခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မေခလာကတော့ အများကြီးလှူချင်ပေမဲ့ ဒီနှစ်တော့ ဒီလောက်ပဲလှူခွင့်ရခဲ့ပါတယ်တဲ့။
Source – May Khalar
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
မွေးနေ့အလှူလေးအဖြစ် ဘုန်းတော်ကြီးစာသင်ကျောင်းနဲ့ ဘက်စုံလူငယ် ဖွံဖြိုးရေးကျောင်း ကလေးငယ်တွေအတွက် လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ မေခလာ
Source – May Khalar
Chilli – CeleGabar