“မိန်းမရသွားပေမယ့်လည်း သီချင်းအသစ်၊ အလုပ်သစ်တွေနဲ့အရင်ကထက်ပိုကြိုးစားသွားမယ်ဆိုတဲ့ ထက်ယံ”

Posted on

CeleGabar ပရိသတ်ကြီးရေ ထက်ယံလို့ပြောလိုက်တာနဲ့ မိန်းမသားထူကြီးရဲ့ အသည်းကျော် အဆိုတော်တစ်ယောက်ဆိုတာ ပြောစရာမလိုလောက်အောင်ပါပဲနော်။ ဆယ်ကျော်အရွယ်တွေကနေ မမတွေထိ အသည်းခိုက်ရအောင် အမူအရာလေးတွေနဲ့သီချင်းတွေကိုဖျော်ဖြေတတ်တဲ့အပြင်  သူ့ရဲ့သီချင်းတွေကို ယောကျာ်းလေးပရိသတ်တွေပါ နှစ်သက်ရတဲ့ထိပါပဲ။

ဒီနေ့မှာတော့”ကျနော့်သီချင်းတွေကိုကြိုက်လို့ ကျနော်က ထက်ယံဆိုတာသိလာတာပါ အားလုံးမှာ ချစ်ရတဲ့မိသားစုရှိတယ် ချစ်ရတဲ့လူဆိုတာရှိလို့ အသည်းတွေကွဲရင် ကျနော့်သီချင်းတွေနဲ့ ဖီးလ်တယ်မလား ကျနော်လို လူတစ်ယောက်မှာလဲ ကိုယ့်လူတို့လိုပဲ အချစ်ရှိမှဖန်တီးနိုင်တာပါ မရှိဘူးဆိုတာမရှိပါဘူး အချိန်မတန်သေးလို့ပဲဖြစ်မှာပါ။


ကိုယ့်လူတို့ကြိုက်ခဲ့တဲ့ အသည်းကွဲသီချင်းတွေဖြစ်လာဖို့ ကျနော့်ကိုခံစားနေခိုင်းခဲ့တဲ့ သူဟာ ပပဝတီ ပါပဲ 👰🏻‍♀️ဒါကြောင့်….ကျနော်မိန်းမရတာရတာ ချစ်လို့ရပါတယ် 🤭 စိတ်မဆိုးပါနဲ့  🫰

အလုပ်အသစ်တွေ သီချင်းအသစ်တွေနဲ့ အရင်ကထက်ပိုကြိုးစားပါဦးမယ်ခင်ဗျ 🙏”ဆိုတဲ့ စာလေးနဲ့ သူ့ရဲ့ပရိသတ်တွေကို ပြောကြားခဲ့တာပါ။CrleGabarပရိသတ်တွေထဲမှာရော ထက်ယံရဲ့ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe- CeleGabar

Source- HtetYan

ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source- HtetYan