” ဂေဟာကသမီးလေးခိုင်အေးချမ်းမေ ရဲ့ဖခင်ဆုံးပါးသွားတာ ၁နှစ်ပြည့်အနေနဲ့ ရည်းစူးကာ ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ”
Posted on
CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေလို့ပြောလိုက်တာနဲ့ပရဟိတမိခင်ကြီးလို့ အများသတ်မှတ်ကြတာ အမှန်ပါပဲနော်။ ခိုင်နှင်းဝေကတော့စွန့်ပစ်ကလေးငယ်တွေကို ခေါ်ယူမွေးစားကာ ခိုင်နှင်း​ေဝဂေဟာကြီးဦးစီတည်ထောင်လျက်ရှိတဲ့ မင်းသမီးတစ်လက်​ဖြစ်ပါတယ်။
အမြဲအလှူအတန်းပရဟိတအလုပ်တွေကိုဆက်တိုက်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာလည်းဂေဟာကသမီးလေးခိုင်အေးချမ်းမေ ရဲ့ဖခင်ဆုံးပါးသွားတာ ၁နှစ်ပြည့်အနေနဲ့ ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့တာပါ။
“ဒီနေ့ သမီးလေး ခိုင်အေးချမ်းမေ ရဲ့ အဖေ ဆုံးသွားတာ (၁) နှစ်ပြည့်လေး ဖြစ်ပါတယ်..ကွယ်လွန်သူ အတွက် ရည်စူးပြီး အလှူ ကောင်းမှုများ ပြုလုပ် အမျှဝေပေးဖြစ်ခဲ့ပါတယ်….ကောင်းရာဘုံဘဝမှာ ရောက်ရှိပါစေ.သမီးလေးလဲ ဒီထက်မက အေးချမ်းလို့ သမီးကောင်းရတနာလေးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့မိပါတယ်ရှင်..❤️❤️”ဆိုတဲ့စာလေးနဲ့ ဖော်ပြခဲ့တာပါ။ ကလေးတွေရဲ့ စားဝတ်နေရေးသာမက ပြုလုပ်သင့်တဲ့ ကုသိုလ်လှူဒါန်းမှုတွေကိုပါတစ်ချိန်ထဲ ရှေ့ကဦးဆောင်ပြုလုပ်ပေးတတ်တဲ့ခိုင်နှင်းဝေရဲ့ စိတ်စေတနာကတော့ အတုယူဖွယ်ပါပဲနော် CeleGabarပရိသတ်ကြီးရေ။
Koe-CeleGabar
Soure :Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Soure :Khine Hnin Wai