ညနေတိုင်းထမင်းကျွေးဖြစ်နေတဲ့ အိမ်နားကခွေးလေးတွေထဲက ထူးခြားတဲ့ ခွေးလေးတစ်ကောင်ရဲ့ အကြောင်းကိုပြောပြခဲ့တဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့ အလှူအတန်းတွေရက်ရောပြီး တိလေးတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်နဲ့ အမြဲတမ်းကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ဘေဘီက သူ့ရဲ့အိမ်ဝန်းကျင်မှာနေတဲ့ လမ်းဘေးလေလွင့်ခွေးလေးတွေကို နေ့တိုင်းအစားကျွေးတဲ့ကုသိုလ်လေးကိုပြုုလပ်နေခဲ့ပါတယ်။

အခုလို လမ်းဘေးခွေးလေးတွေကို အစားကျွေးနေတဲ့အထဲမှာပါ ထူးခြားတဲ့ခွေးလေးတစ်ကောင်အကြောင်းကို သူ့ရဲ့လူမကွန်ရက်စာမျက်နှာကန မျှဝေဖော်ပြလာခဲ့ပါတယ်။ “ည၆:၃၀လောက်ဆို အိမ်ရှေ့မှာခွေးလေးတွေ၁၅ကောင်လောက်ကိုနေ့တိုင်းထမင်းနဲ့ကြက်သား ငါး အမဲသားသေချာချက်ပြီးကျွေးတယ်။ အခုကိုသားဂန်းကျွေးနေတဲ့ပါပီက အိမ်ကပ်တယ် အမြဲအိမ်ရှေ့မှာရှိတယ် အိမ်ရှေ့နားလူစိမ်းကပ်မခံဘူးအရမ်းဟောင်တာ အိမ်ကလူတွေဟိတ်ဆိုတာနဲ့ငြိမ်သွားရော

ဘေဘီတို့လင်မယားအပြင်ကပြန်လာရင်ကားတွေ့တာနဲ့လာကြိုတာ လက်တို့ပြီးမုန့်တောင်းတယ်တကယ်လိမ္မာတယ်။အော်ခွေးလေးတောင်လိမ္မာပြီးသစ္စာရှိတော့သခင်ကချစ်ပြီးကျွေးတော့တခြားခွေးထက်ပိုစားရတယ်” ဆိုပြီး ကျွေးမွေးတဲ့ကျေးဇူးကို သိတတ်စွာနဲ့ သူတို့မိသားစုကို ပြန်လည်စောင့်ရှောက်ပေးတဲ့ခွေးလေးရဲ့ သိတတ်မှုကို ဘေဘီကသဘောတွေကျနေခဲ့တာပဲဖြစ်ပါတယ် CeleGabar ပရိသတ်ကြီး။

Source – Thandar Zaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ညေနတိုင္းထမင္းေကြၽးျဖစ္ေနတဲ့ အိမ္နားကေခြးေလးေတြထဲက ထူးျခားတဲ့ ေခြးေလးတစ္ေကာင္ရဲ႕ အေၾကာင္းကိုေျပာျပခဲ့တဲ့ ေဘဘီေမာင္

ပရိသတ္ႀကီးေရ ေဘဘီေမာင္ကေတာ့ အလႉအတန္းေတြရက္ေရာၿပီး တိေလးေတြအေပၚမွာလည္း ကိုယ္ခ်င္းစာစိတ္နဲ႔ အၿမဲတမ္းၾကင္နာတတ္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ အခ်စ္ပိုေနရတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လတ္တေလာမွာလည္း ေဘဘီက သူ႔ရဲ႕အိမ္ဝန္းက်င္မွာေနတဲ့ လမ္းေဘးေလလြင့္ေခြးေလးေတြကို ေန႔တိုင္းအစားေကြၽးတဲ့ကုသိုလ္ေလးကိုျပဳုလပ္ေနခဲ့ပါတယ္။

အခုလို လမ္းေဘးေခြးေလးေတြကို အစားေကြၽးေနတဲ့အထဲမွာပါ ထူးျခားတဲ့ေခြးေလးတစ္ေကာင္အေၾကာင္းကို သူ႔ရဲ႕လူမကြန္ရက္စာမ်က္ႏွာကန မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ “ည၆:၃၀ေလာက္ဆို အိမ္ေရွ႕မွာေခြးေလးေတြ၁၅ေကာင္ေလာက္ကိုေန႔တိုင္းထမင္းနဲ႔ၾကက္သား ငါး အမဲသားေသခ်ာခ်က္ၿပီးေကြၽးတယ္။ အခုကိုသားဂန္းေကြၽးေနတဲ့ပါပီက အိမ္ကပ္တယ္ အၿမဲအိမ္ေရွ႕မွာရွိတယ္ အိမ္ေရွ႕နားလူစိမ္းကပ္မခံဘူးအရမ္းေဟာင္တာ အိမ္ကလူေတြဟိတ္ဆိုတာနဲ႔ၿငိမ္သြားေရာ

ေဘဘီတို႔လင္မယားအျပင္ကျပန္လာရင္ကားေတြ႕တာနဲ႔လာႀကိဳတာ လက္တို႔ၿပီးမုန႔္ေတာင္းတယ္တကယ္လိမၼာတယ္။ေအာ္ေခြးေလးေတာင္လိမၼာၿပီးသစၥာရွိေတာ့သခင္ကခ်စ္ၿပီးေကြၽးေတာ့တျခားေခြးထက္ပိုစားရတယ္” ဆိုၿပီး ေကြၽးေမြးတဲ့ေက်းဇူးကို သိတတ္စြာနဲ႔ သူတို႔မိသားစုကို ျပန္လည္ေစာင့္ေရွာက္ေပးတဲ့ေခြးေလးရဲ႕ သိတတ္မႈကို ေဘဘီကသေဘာေတြက်ေနခဲ့တာပဲျဖစ္ပါတယ္ CeleGabar ပရိသတ္ႀကီး။

Source – Thandar Zaw
Chilli – CeleGabar