ခိုင်နှင်းဝေရင်သွေးလေးများဂေဟာက ကလေးတွေအတွက် အရုပ်နဲ့ ကွတ်ကီးလေးတွေ သွားလှူပေးခဲ့တဲ့ မြတ်ကေသီအောင်

ပရဟိတမင်းသမီးတစ်လက်ဖြစ်တဲ့ခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး မိဘမဲ့ကလေးသုံးဆယ်ကျော်ကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူပါ။ ပရဟိတဂေဟာဖြစ်တဲ့အတွက် အလှူရှင်တွေနဲ့အဓိကရပ်တည်နေရတာဖြစ်ပြီး သူ့ရဲ့ဂေဟာလေးကိုတော့ မကြာခဏဆိုသလို ရုပ်ရှင်သရုပ်ဆောင်တွေလည်း သွားရောက်လှူဒါန်းကြတာကို တွေ့မြင်ရမှာပါ။

ဒီတစ်ခေါက်မှာတော့ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်သူ မြတ်ကေသီအောင်က ကလေးတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေခဲ့ပါတယ်။ မြတ်ကေသီအောင်ကတော့ သရုပ်ဆောင်ပိုင်နိုင်တဲ့မင်းသမီးတစ်လက်ဖြစ်သလို အခုချိန်ထိလည်း ပရိသတ်အတွက် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေ ချပြဖို့ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

လတ်တလောကိုဗစ်ကာလမှာတော့ ကိုယ်တိုင်လုပ်ကိတ်မုန့်လေးတွေကို ရောင်းချပေးနေသလို မနေ့ကတော့ ကလေးတွေအတွက် ကိုယ်တိုင်လုပ်ထားတဲ့ ကွတ်ကီးနဲ့ အရုပ်လေးတွေကို သွားရောက်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အရုပ်လေးတွေရလို့ ပျော်နေတဲ့ကလေးတွေနဲ့ ကလေးတွေရဲ့ပျော်ရွှင်မှုကို ဖန်တီးပေးခဲ့တဲ့ မြတ်ကေသီအောင်ရဲ့ ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Myat Kay Thi Aung
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x