မိခင်ကြီး ကွယ်လွန်ခြင်း (၂)နှစ်ပြည့်အနေနဲ့ ခိုင်နှင်းဝေဂေဟာမှာ အလှူသွားရောက်ပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ဆုမြတ်နိုးဦး

Posted on

ပရိသတ်ကြီးရေ ဆုမြတ်နိုးဦးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပြီးတဲ့တဲ့ မေလ (၃)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဆုမြတ်နိုးဦးက မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ သူ့ရဲ့ မိခင်ကြီး ကွယ်လွန်ခြင်း(၂)နှစ်ပြည့်အနေနဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်လေးပဲဖြစ်ပြီး ခိုင်နှင်းဝေရဲ့ ရင်သွေးလေးမှား ဂေဟာမှာ ကလေးတွေအတွက် လိုအပ်တာတွေ သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကတော့ အလှူလေးသွားရောက်ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

အလှူလေးရဲ့ ပီတိတွေကို ပရိသတ်တွေလည်း ထပ်တူရရှိခံစားနိုင်စေဖို့ ဆုမြတ်နိုးဦးက အလှူလေးကို မှတ်တမ်းတင်ဗီဒီယိုလေးရိုက်ကူးကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေအတွက် ဆုမြတ်နိုးဦးရဲ့ အလှူမှတ်တမ်း ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Hsu Myat Noe Oo – ဆုမြတ်နိုးဦး
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar