မွေးနေ့မှာ အမာခံ Fan လေးတွေနဲ့အတူ အလှူသွားရောက်ပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေလာခဲ့တဲ့ ဧငြိမ်းဖြူ

Posted on

ပရိသတ်ကြီးရေ ဧငြိမ်းဖြူကတော့ တစ်ခေတ်တစ်ခါက ရေဒီယိုဇာတ်လမ်းတွဲတွေမှာ ပြန်လည်သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၂၁)ရက်နေ့လေးကတော့ ဧငြိမ်းဖြူရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဧငြိမ်းဖြူကတော့ ဒီနှစ်မွေးနေ့ရက်မြတ်လေးမှာ အသက် (၂၆)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဧငြိမ်းဖြူကတော့ ဒီနှစ်မွေးနေ့ရက်မြတ်လေးမှာ သူ့ရဲ့ချစ်ရတဲ့ အမာခံ Fan လေးတွေဖြစ်တဲ့ QueenieA လေးတွေနဲ့ YGW ပရဟိတ မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်းမှာ ကလေးတွေနဲ့ ကျောင်းရှိသံဃာတော်တွေအတွက် နေ့ဆွမ်းအာဟာရဒါနအလှူလေး ပြုလုပ်ခဲ့ပါတယ်။

ဧငြိမ်းဖြူကတော့ အတူမလိုက်နိုင်တဲ့သူ့ရဲ့အမာခံပရိသတ် QueenieA လေးတွေအတွက် မွေးနေ့အလှူလေးပြုလုပ်ခဲ့တာလေးကို ဗီဒီယိုလေးရိုက်ကူးထားခဲ့ပြီး မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဧငြိမ်းဖြူရဲ့ မွေးနေ့အလှူဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – A Nyein Phyu
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – A Nyein Phyu
Chilli – CeleGabar