” အာခေါင်မှာအကျိတ်ပေါက်ရာကနေဆိုးရွားလှတဲ့ အခြေအနေကိုရောက်ရှိခဲ့တဲ့ ၆နှစ်အရွယ်ကလေးလေးအတွက် အလှူငွေ၆၅၀၀၀၀ ကျပ် ကိုလှူဒါမ်းပေးခဲ့တဲ့မိုးစက်”
Posted on
CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့ဒီနေ့မှာ သူထူးခြားလှူဒါန်းမှုတစ်ခုကိုပြုလုပ်ခဲ့တါပဲ ဖြစ်ပါတယ်။ အမြဲသက်ကြီးရွယ်အိုတွေကိုပဲဦးစားပေးလှူဒါန်းတတ်တဲ့ မိုးစက်ကတော့ဒီနေ့မှာ အာခေါင်မှာအကျိတ်ပေါက်ရာကနေဆိုးရွားလှတဲ့ အခြေအနေကိုရောက်ရှိခဲ့တဲ့ ၆နှစ်အရွယ်ကလေးလေးရဲ့အဖြစ်ကိုပြောပြကာ အလှူရှင်တွေနဲ့စုပေါင်းလှူဒါန်းခဲ့တာပါ။
“အကြောင်းစုံ ရှင်းပြနေတဲ့မိခင်ဖြစ်သူက မျက်ရည်တွေကျလာတော့ဝေဒနာသည် သားသားလေးက မျက်ရည်တွေ ပြန်သုတ်ပေးနေရှာတယ်ဗျာ…💔ကျွန်တော်တို့အားလုံးမျက်ရည်တွေ ကျခဲ့ရတာပေါ့။သားသားနာမည်က ဘုန်းသျှန်ထွဋ် တဲ့ ။အသက်က (၆)နှစ်ဘဲ ရှိသေးတယ် ။ဇာတိက ရွှေတောင်မြို့နယ်နားက ကျေးရွာလေးကပါ ။
အခုတော့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အနီး ရွှေတောင်ကျောင်းတိုက်မှာ တည်းခိုနေပါတယ်။အာခေါင်မှာ အကြိတ်ပေါက်တာကနေအခုလို ဆိုးရွားတဲ့ အခြေအနေအထိ ဖြစ်လာပေါ့ဗျာ။ကလေးကို ခွဲစိတ်ဖို့အတွက် အိန္ဒိယ နိုင်ငံမှာ သွားရောက်ကုသမှာပါ။ကုန်ကျငွေ ခန့်မှန်း သိန်း(၄၀၀)လောက်တော့ရှိတယ်တဲ့ ။လတ်တလော သူတို့ခြံမြေတွေရောင်းတာရောဝိုင်းဝန်းလှူဒါန်းပေးမှုများကြောင့်သိန်း(၃၀၀)ဝန်းကျင်တော့ ရရှိနေပါပြီ။
ဒီနေ့မှာတော့ ကျွန်တော့် အနုပညာကြေးဖြင့် တစ်သိန်းကျပ် ။မအေးသီ နှစ်သိန်းကျပ် ။မချိုမီး နှစ်သိန်းကျပ် ။နေမင်းတင် မိသားစု ငါးသောင်းကျပ် ။မခြူးမြတ်စိုးဦး ငါးသောင်းကျပ် ။ဆရာသျှန်ထွဏ်း (မြန်မာစာ) သုံးသောင်းကျပ်။ကိုနေဇာမင်း နှစ်သောင်းကျပ် ။စုစုပေါင်း ၆၅၀၀၀၀ ကျပ် ကို လှူဒါန်းပေးခဲ့ပါတယ်။ဆက်သွယ်လှူဒါန်းလိုသူများ အနေဖြင့်09885374996 Kpay U Phyo Ko Ko (ကလေးဖခင်) ဖုန်းကိုတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ။သားသားလေးလဲ ရောဂါဝေဒနာများအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဝိုင်းဝန်းဆုတောင်း ပေးကြပါဦးဗျာ။🙏🙏🙏” ဆိူတဲ့စာလေးနဲ့သွားရောက်ကြည့်ရှူခဲ့တဲ့ပူံရိပ်လေးတွေကိုဝေမျှခဲ့တာပါ။
Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- MoeSat