မွေးနေ့အလှူအနေနဲ့ ပဲခူးမြို့ မဟာစေတီ ကံကျောင်းမှာ ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ သူရလင်း

Posted on

ပရိသတ်ကြီးရေ သူရလင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ ဒီနေ့ မေလ (၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ သူရလင်းရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေရက်မြတ်လေးပဲဖြစ်ပါတယ်။

သူရလင်းကတော့ ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးကိုကောင်းမှုတွေပြုလုပ်ပြီးဖြတ်သန်းခဲ့တယ်လို့သိရှိရပါတယ်။ သူရလင်းကလည်း ကုသိုလ်တွေပြုလုပ်ခဲ့ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဒီနေ့ ကျွန်တော့် မွေးနေ့ကို ပဲခူးမြို့ မဟာစေတီ ကံကျောင်းမှာ ကုသိုလ်ပြုခဲ့ပါတယ်… မေတ္တာ အမျှအတန်းများ ပေးဝေပါတယ်….နတ်လူ သာဓုခေါ်စေသော်” ဆိုပြီး မျှဝေထားခဲ့ပါတယ်။

ကောင်းမှုပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း အတူတူ မျှဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း သူရလင်းရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုရင်း သူရလင်းရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Thu Riya
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Thu Riya
Chilli – CeleGabar