မွေးနေ့အလှူအနေနဲ့ ကိုယ်တိုင်ကြာဇံကြော်ပြီး လိုက်လံဝေငှလှူဒါန်းခဲ့တဲ့ ဟန်နေတာ

Posted on

ပရိသတ်ကြီးရေ ဟန်နေတာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် ဟန်နေတာကတော့ မနေ့က မေလ (၆)ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့အလှူအနေနဲ့ ကြာဇံကြော်အလူလေးပြုလုပ်ခဲ့ကြောင်း မျှဝေလာခဲ့ပါတယ်။

ဟန်နေတာကတော့ သူနဲ့ ကိုဝေကြီးရဲ့ မွေးနေ့အလှူအနေနဲ့ ကိုယ်တိုင်ဈေးဝယ်ကိုယ်တိုင်ကြာဇံကြော်ပြီး သန့်ရှင်းရေး စည်ပင်လုပ်သားတွေနဲ့ လမ်းတစ်လျှောက်မှာတွေ့တဲ့ ချို့တဲ့တဲ့ သူတွေထံ ကိုယ်တိုင်လိုက်လံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အလှူလေးပြုလုပ်ခဲ့တာကိုလည်း ဗီဒီယိုလေးရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

ဟန်နေတာတို့ရဲ့ မွေးနေ့အလှူလေးကတော့ တကယ်ကို ရိုးရှင်းပေမဲ့ မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးပါပဲနော်။ CeleGabar ပရိသတ်ကြီးတွေလည်း ဟန်နေတာတို့ရဲ့ မွန်မြတ်လှတဲ့ မွေးနေ့အလှူလေးကို ထပ်တူကုသိုလ်ရရှိစေဖို့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Han Nay Tar
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Han Nay Tar
Chilli – CeleGabar