Tik Tok ဝါသနာအိုးတွေအတွက် အခွီရိုက်ကူးထားတဲ့ ဖြိုးရာဇာနိုင်နဲ့ လပြည့်တို့ရဲ့ ဗွီဒီယိုလေး

MRTV-4 သရုပ်ဆောင်မင်းသားချောတွေဖြစ်တဲ့ လပြည့်နဲ့ဖြိုးရာဇာနိုင်တို့ကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားတွေပါ။ လတ်တလောမှာတော့ သူတို့နှစ်ယောက်စလုံး မုံရွာမြို့ကို အလုပ်ကိစ္စနဲ့ရောက်ရှိနေပြီး ညနေတိုင်းပရိသတ်တွေအတွက် မြူးမြူးကြွကြွ Live လွှင့်ဈေးရောင်းနေတာကိုလည်း တွေ့မြင်ရမှာပါ။

မုံရွာရောက်နေတုန်း မနေ့ကတော့ Tik Tok ဝါသနာအိုးတွေအတွက် အခွီ Tik Tok လေးရိုက်ကူးကာ မျှဝေပေးခဲ့ပြီး ပရိသတ်တွေများစွာသဘောကျခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ ရုပ်ရှင်သရုပ်ဆောင်တွေသာမက သာမန်လူတွေပါ Ring Light တစ်ချောင်းကိုင်ကာ နေရာတိုင်းမှာ Tik Tok ရိုက်ကူးနေတာကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဗွီဒီယိုထဲမှာတော့ Tik Tok ဝါသနာအိုးဖြိုးရာဇာနိုင်နဲ့ လပြည့်တို့နှစ်ယောက် ဘယ်လိုဟာသဖောက်ထားသလဲဆိုတာ တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ။

လပြည့်နဲ့ ဖြိုးရာဇာနိုင်တို့နှစ်ယောက်ကတော့ ဒီနေ့ညနေမှာလည်း မြပိုးသိင်္ဂီပိုးထည်တိုက်နဲ့အတူ Live လွှင့် ဈေးရောင်းချသွားဦးမှာပါနော်။ မုံရွာရောက်တုန်း သူငယ်ချင်းနှစ်ယောက် အခွီရိုက်ကူးထားတဲ့ ရိုက်ချင်ဦးတဲ့ Tik Tok ဆိုတဲ့ ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – La Pyae
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x