ပရိသတ်ကြီးရေ ခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ ဒီနေ့မေလ (၇)ရက်နေ့လေးမှာ အင်မတန်မှမွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
“ဒီနေ့ဆို ဖွားဖွားကြီး ဆုံးတာ (၁၄)နှစ်တိတိပြည့်သွားပြီ။ ဘဘကြီးက ၃.၂.၂၀၁၂ မှာဆုံးတော့ အခုဆို (၁၀) နှစ်ကျော် သွားပြီပေါ့ ဘဘကြီး နဲ့ ဖွားဖွားကြီး အတွက် နေ့စဉ် နှစ်တိုင်းရည်စူးအလှူတွေလုပ်ပေးခဲ့ပေမယ့် ကြီးကြီးမားမားတော့ မလှူပေးဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ဘဘကြီး နဲ့ဖွားဖွား ကြီးတို့ကို ရည်စူးပြီး ဝင့်ဝါသင်္ကြန်တုန်းကတရားစခန်းဝင်ခဲ့တဲ့ လိမ္မော်ခြံကျေးရွာ၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ သီလရှင်ဝိပဿနာ ကျောင်းမှာ တကယ့်ကို လိုအပ်နေတဲ့ အရာတစ်ခု ဖြစ်တဲ့ ဆွမ်းစားဆောင် ဆောက်လုပ်ရန် အတွက် မတည်အလှူငွေ သိန်း(၁၀၀) လှူဒါန်းခဲ့ပါသည်။
ရောက်ရာ ဘုံဘဝ မှ ဘဘကြီး နဲ့ ဖွားဖွားကြီးတို့ သာဓုခေါ်ဆိုနိုင်ပြီး ကုသိုလ်များထပ်တူရရှိနိုင်ကြပါစေ။” ဆိုပြီး အလှူမှတ်တမ်းပုံလေးတွေနဲ့အတူ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ခင်ဝင့်ဝါကတော့ သူ့ရဲ့ အလှူလေးကို ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ မျှဝေထားခဲ့တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Khin Wint Wah
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
သီလရွင္ဝိပႆနာေက်ာင္းမွာ အမွန္တကယ္လိုအပ္ေနတဲ့ ဆြမ္းစားေဆာင္ေဆာက္လုပ္ရန္အတြက္ သိန္း(၁၀၀)မတည္လႉဒါန္းခဲ့တဲ့ ခင္ဝင့္ဝါ
ပရိသတ္ႀကီးေရ ခင္ဝင့္ဝါကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတဲ့ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။ ခင္ဝင့္ဝါကေတာ့ ဒီေန႔ေမလ (၇)ရက္ေန႔ေလးမွာ အင္မတန္မွမြန္ျမတ္လွတဲ့ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။
“ဒီေန႔ဆို ဖြားဖြားႀကီး ဆုံးတာ (၁၄)ႏွစ္တိတိျပည့္သြားၿပီ။ ဘဘႀကီးက ၃.၂.၂၀၁၂ မွာဆုံးေတာ့ အခုဆို (၁၀) ႏွစ္ေက်ာ္ သြားၿပီေပါ့ ဘဘႀကီး နဲ႔ ဖြားဖြားႀကီး အတြက္ ေန႔စဥ္ ႏွစ္တိုင္းရည္စူးအလႉေတြလုပ္ေပးခဲ့ေပမယ့္ ႀကီးႀကီးမားမားေတာ့ မလႉေပးျဖစ္ခဲ့ဘူး။ ဒီႏွစ္ေတာ့ ဘဘႀကီး နဲ႔ဖြားဖြား ႀကီးတို႔ကို ရည္စူးၿပီး ဝင့္ဝါသၾကၤန္တုန္းကတရားစခန္းဝင္ခဲ့တဲ့ လိေမၼာ္ၿခံေက်း႐ြာ၊ တိုက္ႀကီးၿမိဳ႕နယ္မွာရွိတဲ့ သီလရွင္ဝိပႆနာ ေက်ာင္းမွာ တကယ့္ကို လိုအပ္ေနတဲ့ အရာတစ္ခု ျဖစ္တဲ့ ဆြမ္းစားေဆာင္ ေဆာက္လုပ္ရန္ အတြက္ မတည္အလႉေငြ သိန္း(၁၀၀) လႉဒါန္းခဲ့ပါသည္။
ေရာက္ရာ ဘုံဘဝ မွ ဘဘႀကီး နဲ႔ ဖြားဖြားႀကီးတို႔ သာဓုေခၚဆိုႏိုင္ၿပီး ကုသိုလ္မ်ားထပ္တူရရွိႏိုင္ၾကပါေစ။” ဆိုၿပီး အလႉမွတ္တမ္းပုံေလးေတြနဲ႔အတူ မွ်ေဝေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးေရ ခင္ဝင့္ဝါကေတာ့ သူ႔ရဲ႕ အလႉေလးကို ပရိသတ္ေတြလည္း ထပ္တူရရွိေစဖို႔ မွ်ေဝထားခဲ့တာေၾကာင့္ ပရိသတ္ေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။
Source – Khin Wint Wah
Chilli – CeleGabar