ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပထမဆုံးသီချင်း official music video လေး

Posted on

ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ်သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာက သူ့ရဲ့အနုပညာခြေလှမ်းသစ်လေးတစ်ခု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေခဲ့ပါသေးတယ်။

သင်ဇာရဲ့ အနုပညာခြေလှမ်းသစ်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပထမဆုံး သီချင်းလေးသီဆိုခဲ့တာပဲဖြစ်ပါတယ်။ သင်ဇာကတော့ သူ့ရဲ့ သီချင်းလေးထွက်ရှိလာဖို့ရှိကြောင်းကြေညာခဲ့စဉ်ကတည်းက ပရိသတ်တွေကတော့ စိတ်ဝင်တစားရှိနေခဲ့ကြပြီး အမြည်းတင်ပေးတဲ့ ဗီဒီယိုလေးမှာတင် တော်တော်လေးနဲ့တင်တောင် သင်ဇာရဲ့ သီချင်းလေးကပရိသတ်တွေကြားမှာ ပေါက်ခဲ့ပါသေးတယ်။

မနေ့ကတော့ သင်ဇာက သူ့ရဲ့သီချင်း အစအဆုံးလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက သင်ဇာရဲ့ သီချင်းအသစ်လေးကို စိတ်ဝင်စားကြတဲ့ ပရိသတ်တွေအတွက် သင်ဇာရဲ့ သီချင်းအသစ်လေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Thin Zar Wint Kyaw
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar