အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှာ မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

ပရိသတ်ကြီးရေ မနေ့ကမေလ (၈)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ခဲ့ပါတယ်။ မနေ့က မွေးနေ့ရက်မြတ်လေးမှာတော့ ထက်ထက်မိုးဦးက အသက် (၅၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ထက်ထက်ကတော့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ အာဟာရသုခဆွမ်းစားကျောင်းဆောင် လှူဒါန်းခဲ့ဖူးတဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်မှာမွေးနေ့ကောင်းမှုအလှူလေးပြုလုပ်ခဲ့ပါတယ်။ ထက်ထက်မိုးဦးကလည်း “အရင်က ထက်ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းမှာပဲ မနှစ်ကလို ဒီနှစ်မှာလဲလှူဖြစ်ခဲ့တယ်” ဆိုပြီး ရေးသားဖော်ပြထားခဲ့ပါသေးတယ်။

အလှူလေးရဲ့ အဖို့ဘာဂတွေကိုလည်း “မွေးနေ့အလှူလေးမှာ ၇ရက်သားသမီးအားလုံး ကုသိုလ်အတူရကြပါစေရှင်။” ဆိုပြီးတော့လည်း မျှဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ထက်ထက်မိုးဦးရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Htete Htet Moe Oo
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

အလိုေတာ္ျပည့္ဓမၼာစရိယတကၠသိုလ္မွာ ေမြးေန႔အလႉေလးျပဳလုပ္ခဲ့တဲ့ ထက္ထက္မိုးဦး

ပရိသတ္ႀကီးေရ မေန႔ကေမလ (၈)ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ဝါရင့္ သ႐ုပ္ေဆာင္မင္းသမီးႀကီးျဖစ္တဲ့ ထက္ထက္မိုးဦးရဲ႕ ေမြးေန႔ရက္ျမတ္က်ေရာက္တဲ့ ေန႔ရက္ေလးပဲျဖစ္ခဲ့ပါတယ္။ မေန႔က ေမြးေန႔ရက္ျမတ္ေလးမွာေတာ့ ထက္ထက္မိုးဦးက အသက္ (၅၁)ႏွစ္ျပည့္ေျမာက္သြားခဲ့တာပဲျဖစ္ပါတယ္။

ထက္ထက္ကေတာ့ သူ႔ရဲ႕ေမြးေန႔ရက္ျမတ္ေလးမွာ အာဟာရသုခဆြမ္းစားေက်ာင္းေဆာင္ လႉဒါန္းခဲ့ဖူးတဲ့ အလိုေတာ္ျပည့္ဓမၼာစရိယတကၠသိုလ္မွာေမြးေန႔ေကာင္းမႈအလႉေလးျပဳလုပ္ခဲ့ပါတယ္။ ထက္ထက္မိုးဦးကလည္း “အရင္က ထက္ေဆာက္လုပ္လႉဒါန္းခဲ့တဲ့ ေက်ာင္းမွာပဲ မႏွစ္ကလို ဒီႏွစ္မွာလဲလႉျဖစ္ခဲ့တယ္” ဆိုၿပီး ေရးသားေဖာ္ျပထားခဲ့ပါေသးတယ္။

အလႉေလးရဲ႕ အဖို႔ဘာဂေတြကိုလည္း “ေမြးေန႔အလႉေလးမွာ ၇ရက္သားသမီးအားလုံး ကုသိုလ္အတူရၾကပါေစရွင္။” ဆိုျပီးေတာ့လည္း မွ်ေဝထားခဲ့ပါေသးတယ္။ CeleGabar ပရိသတ္ၾကီးေတြလည္း ထက္ထက္မိုးဦးရဲ႕ ေမြးေန႔အလွဴေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Htete Htet Moe Oo
Chilli – CeleGabar