အမေများနေ့မှာ မေမေလင်းဇာနည်ဇော်ကို ကိတ်မုန့် ပန်းစည်းတွေနဲ့ တရိုတသေကန်တော့ခဲ့တဲ့ မြူလင်းကိုကို

Posted on

ပရိသတ်ကြီးရေ လင်းဇာနည်ဇော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အချစ်တော် လင်းဇာနည်ဇော်က အနုပညာအလုပ်တွေနဲ့အတူ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို လုပ်ကိုင်နေခဲ့ပါတယ်။

လင်းဇာနည်ဇော်ရဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကိုကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းမရှိသေးပေမဲ့ ချစ်စရာကောင်းလှတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေချစ်ခင်မှုကို ရရှိနေခဲ့ပါသေးတယ်။ မြူလင်းကိုကိုကတော့ မနေ့က အမေများနေ့မှာ သူ့ရဲ့မေမေကို ကိတ်မုန့် ပန်းစည်းတွေနဲ့အတူ တရိုတသေကန့်တော့ခဲ့ပါသေးတယ်။

မေမေလင်းဇာနည်ဇော်အပြင် ဖွားဖွားရယ် ကြီးတော်ဖြစ်တဲ့ ချစ်ချစ်ဇော်တို့ကိုလည်း အတူတကွကန်တော့ခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မြူလင်းကိုကိုရဲ့ ဖွားဖွား ကြီးတော်နဲ့ မိခင်အပေါ်မှာ သိတတ်လိမ္မာမှုကြောင့် ပရိသတ်တွေက ချီးကျူးပြီး အချစ်ပိုနေခဲ့ကြပါသေးတယ်။

Source – Myu Linn Ko Ko
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Myu Linn Ko Ko
Chilli – CeleGabar