သားငယ်လေး(၆)လပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာအလှူပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ Live Sale ဘုရင်မလို့တောင် တင်စားနေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ စီးပွားရေးလုပ်ငန်းလေးတွေ ပြေလည်လာတာနဲ့ အညီ အလှူအတန်းတွေက ရက်ရောစွာလှူဒါန်းနေခဲ့ပါတယ်။

ဒီနေ့မှာလည်း နှိုင်းယှဉ်ကတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုရက်ရောစွာနဲ့ လှူဒါန်းပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သားငယ်လေးရဲ့ (၆)လပြည့်မွေးနေ့အတွက် ရည်ရွယ်ပြီး ထမင်းနဲ့ ဟင်း စတာဒီသာအလှူလေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ အလှူလေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကျွေးမွေးလှူဒါန်းခဲ့ပါသေးတယ်။

နှိုင်းယှဉ်နဲ့ အတူလည်း သူငယ်ချင်းဖြစ်သူ အင်ကြင်း သူ့ရဲ့(၃၆)နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် စတုဒီသာအလှူမှာ (၁)သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ နှိုင်းယှဉ်ရဲ့ သားငယ်လေးနဲ့ အင်ကြင်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Ingyin Hana
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Ingyin Hana
Chilli – CeleGabar