ဝလာတယ်လို့ ဝေဖန်ခံနေရတဲ့ နောက်ကွယ်က သူမရဲ့ လူမသိသူမသိဖြစ်နေတဲ့အ‌ခြေအ‌‌နေကို ရင်ဖွင့်လာခဲ့တဲ့ မြတ်သူသူ

Posted on

ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။မြတ်သူသူကတော့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ အကြောင်းမရှိအကြောင်းရှာဝေဖန်တိုက်ခိုက်တာတွေကိုခံနေရပြီး အပြစ်ဆိုစရာရယ်လို့ မရှိတဲ့အတွက် မြတ်သူသူကို အရမ်းဝလာဆိုပြီး ဝေဖန်နေခဲ့ကြပါတယ်။

မြတ်သူသူကတော့ အခုလို သူမဝလာရတဲ့ အပေါ်ဝေဖန်နေတဲ့အတွက် သူမရဲ့ ခံစားချက်တွေကို အခုလိုပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားခဲ့ပါတယ်။ “စိတ်ထဲပြောပြချင်တာလေးရှိလို့ ဒီပိုစ့်လေးတခုတင်ပါရစေနော်။ ဘဝတူလေးတွေရှိရင် စိတ်ကြိုက် Share လို့ရပါတယ်။ မြတ်သူကိုတွေ့ရင် အမအရမ်းဝလာတာပဲ ဒီအတိုင်းနေတော့မှာလားတို့ ဘယ်လိုပုံကြီးဖြစ်သွားတာလဲတို့ အရင်ကပိန်တယ်နော် စသည်ဖြင့်အမျိုးမျိုးသော အားပေးကဲ့ရဲ့စကားပေါင်းစုံအတွက် နောက်လမှာ ဝိတ်ပြန်ချပြပါမယ်။ မြတ်သူအခု ဝလာပါတယ် မှန်ပါတယ် ဘဝမှာ အခုအသက်အရွယ်ထိ အဝဆုံးကာလတွေလို့ပြောလို့ရပါတယ် အရင်က ပေါင်ချိန် (၁၂၀) က အလွန်ဆုံးပေမယ့် အခု ပေါင်ချိန် (၁၄၅) ရှိပါတယ် မြတ်သူကရော အနုပညာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်နေရက်နဲ့ ဒီလောက်ဝလာတာကို လိုချင်နေပါ့မလား။ ဘာလို့ခုလောက်ထိ ဝသွားလဲ အဖြေကို အရင်ကမရှင်းပြချင်ခဲ့လို့ ဝလာတယ်ပြောရင် စိတ်ချမ်းသာလာလို့ပဲ ရီမောပြီးဖြေခဲ့ပါတယ် ရင်ထဲမှာ ခံစားရတာတော့အမှန်ပေါ့လေ။ ဒီနှစ်ထဲမှာ မြတ်သူတို့မိန်းကလေးသဘာဝဓမ္မတာလာတဲ့ကိစ္စတွေကို သတိမထားပဲ ခေါင်းလျှော်တာမျိုးတွေကို နှစ်ချီလုပ်ခဲ့မိလို့ သွေးလုံးတည်ပြီး ခွဲစိပ်မှုလုပ်ခဲ့ရပါတယ်။

ကိုဗစ်ကာလအတွင်းဆေးရုံတက်ခဲ့ရတာမို့ ကိုယ်ခံအားနည်းမှာကြောက်လို့ အစားလည်းမရှောင်ခဲ့ရပါဘူး ဒါပေမယ့် အခုထိ ထမင်းအစားထိုးပြီး ဝဥကြာဆံပဲစားနေတာပါ။ ဗိုက်နဲ့ချက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်မှုလုပ်ထားရတာမို့ လေ့ကျင့်ခန်းလည်းလုပ်လို့မရပါဘူး ဒီကြားထဲ သွေးလုံးတည်နေတာက ပေါက်သွားလို့ ရှင်းထုတ်ထားပေမယ့် သားအိမ်နံရံမှာ Spot တွေ ဆက်ရှိနေလို့ ဟော်မုန်းဆေးတွေ သွင်းရပါတယ်။ ဒီအတွက် ဘဝမှာ တခါမှမရောက်ဖူးတဲ့ပေါင်ချိန်အထိရောက်ခဲ့တာပါ ဒါ အရမ်းများထူးဆန်းသွားလို့လား။ တချို့အမျိုးသမီးတွေဆိုလည်း သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဘယ်လောက်ဝိတ်ချချ မကျတဲ့သူမျိုးတွေရှိကြပါတယ် ဒါ လှောင်စရာလားရှင်။ လူတယောက်က ဝတာ ပိန်တာထက် ကျန်းမာဖို့ စိတ်ချမ်းသာဖို့က အဓိကလို့ပဲ မြတ်သူမြင်ပါတယ်။ ကိုယ်ကတော့ အလွယ်ပြောလိုက် ကဲ့ရဲ့လိုက်ပေမယ့် ပြောခံရသူနေရာမှာ ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာပေးတတ်ကြရင် သိပ်ကောင်းမှာပဲ မြတ်သူလည်း နယ်ရောက်နေလို့ ဝိတ်ချဖို့အတွက် မပြင်ဆင်ဖြစ်သေးတာပါ။

ချစ်လို့ပြောကြတဲ့သူတွေအတွက်လည်း မကြာခင် ရန်ကုန်ပြန်ရောက်တာနဲ့ ဝိတ်ပြန်ချပေးမှာပါ။ ကဲ့ရဲ့တဲ့သူတွေအတွက်လည်း ကျေးဇူးပါပဲ။ လူတယောက်ရဲ့ဖြစ်တည်မှု ပိန်တာဝတာထက် လူ့ပတ်ဝန်းကျင်အတွက် အကျိုးမရှိတဲ့သူ မဖြစ်ရင် တော်ပါပြီ။ပိန်ပိန်ဝဝ စိတ်ချမ်းသာဖို့အဓိကပါ ကောင်မလေးတို့ရေ” ဆိုပြီး သူ့လို ဝေဖန်ခံနေရတဲ့ မိန်ကလေးတွေကိုလည်း အားပေးထားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။

Source – Myat Thu Thu
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ဝလာတယ္လို႔ ေဝဖန္ခံေနရတဲ့ ေနာက္ကြယ္က သူမရဲ႕ လူမသိသူမသိျဖစ္ေနတဲ့အ‌ေျခအ‌‌ေနကို ရင္ဖြင့္လာခဲ့တဲ့ ျမတ္သူသူ

ပရိသတ္ႀကီးေရ ျမတ္သူသူကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္မင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။ျမတ္သူသူကေတာ့ ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္တာနဲ႔အညီ အေၾကာင္းမရွိအေၾကာင္းရွာေဝဖန္တိုက္ခိုက္တာေတြကိုခံေနရၿပီး အျပစ္ဆိုစရာရယ္လို႔ မရွိတဲ့အတြက္ ျမတ္သူသူကို အရမ္းဝလာဆိုၿပီး ေဝဖန္ေနခဲ့ၾကပါတယ္။

ျမတ္သူသူကေတာ့ အခုလို သူမဝလာရတဲ့ အေပၚေဝဖန္ေနတဲ့အတြက္ သူမရဲ႕ ခံစားခ်က္ေတြကို အခုလိုပဲ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားထားခဲ့ပါတယ္။ “စိတ္ထဲေျပာျပခ်င္တာေလးရွိလို႔ ဒီပိုစ့္ေလးတခုတင္ပါရေစေနာ္။ ဘဝတူေလးေတြရွိရင္ စိတ္ႀကိဳက္ Share လို႔ရပါတယ္။ ျမတ္သူကိုေတြ႕ရင္ အမအရမ္းဝလာတာပဲ ဒီအတိုင္းေနေတာ့မွာလားတို႔ ဘယ္လိုပုံႀကီးျဖစ္သြားတာလဲတို႔ အရင္ကပိန္တယ္ေနာ္ စသည္ျဖင့္အမ်ိဳးမ်ိဳးေသာ အားေပးကဲ့ရဲ႕စကားေပါင္းစုံအတြက္ ေနာက္လမွာ ဝိတ္ျပန္ခ်ျပပါမယ္။ ျမတ္သူအခု ဝလာပါတယ္ မွန္ပါတယ္ ဘဝမွာ အခုအသက္အ႐ြယ္ထိ အဝဆုံးကာလေတြလို႔ေျပာလို႔ရပါတယ္ အရင္က ေပါင္ခ်ိန္ (၁၂၀) က အလြန္ဆုံးေပမယ့္ အခု ေပါင္ခ်ိန္ (၁၄၅) ရွိပါတယ္ ျမတ္သူကေရာ အႏုပညာအလုပ္လုပ္ေနတဲ့သူတေယာက္ျဖစ္ေနရက္နဲ႔ ဒီေလာက္ဝလာတာကို လိုခ်င္ေနပါ့မလား။ ဘာလို႔ခုေလာက္ထိ ဝသြားလဲ အေျဖကို အရင္ကမရွင္းျပခ်င္ခဲ့လို႔ ဝလာတယ္ေျပာရင္ စိတ္ခ်မ္းသာလာလို႔ပဲ ရီေမာၿပီးေျဖခဲ့ပါတယ္ ရင္ထဲမွာ ခံစားရတာေတာ့အမွန္ေပါ့ေလ။ ဒီႏွစ္ထဲမွာ ျမတ္သူတို႔မိန္းကေလးသဘာဝဓမၼတာလာတဲ့ကိစၥေတြကို သတိမထားပဲ ေခါင္းေလွ်ာ္တာမ်ိဳးေတြကို ႏွစ္ခ်ီလုပ္ခဲ့မိလို႔ ေသြးလုံးတည္ၿပီး ခြဲစိပ္မႈလုပ္ခဲ့ရပါတယ္။

ကိုဗစ္ကာလအတြင္းေဆး႐ုံတက္ခဲ့ရတာမို႔ ကိုယ္ခံအားနည္းမွာေၾကာက္လို႔ အစားလည္းမေရွာင္ခဲ့ရပါဘူး ဒါေပမယ့္ အခုထိ ထမင္းအစားထိုးၿပီး ဝဥၾကာဆံပဲစားေနတာပါ။ ဗိုက္နဲ႔ခ်က္မွာ အေပါက္ေဖာက္ၿပီး ခြဲစိတ္မႈလုပ္ထားရတာမို႔ ေလ့က်င့္ခန္းလည္းလုပ္လို႔မရပါဘူး ဒီၾကားထဲ ေသြးလုံးတည္ေနတာက ေပါက္သြားလို႔ ရွင္းထုတ္ထားေပမယ့္ သားအိမ္နံရံမွာ Spot ေတြ ဆက္ရွိေနလို႔ ေဟာ္မုန္းေဆးေတြ သြင္းရပါတယ္။ ဒီအတြက္ ဘဝမွာ တခါမွမေရာက္ဖူးတဲ့ေပါင္ခ်ိန္အထိေရာက္ခဲ့တာပါ ဒါ အရမ္းမ်ားထူးဆန္းသြားလို႔လား။ တခ်ိဳ႕အမ်ိဳးသမီးေတြဆိုလည္း သူတို႔ခႏၶာကိုယ္ဖြဲ႕စည္းပုံအရ ဘယ္ေလာက္ဝိတ္ခ်ခ် မက်တဲ့သူမ်ိဳးေတြရွိၾကပါတယ္ ဒါ ေလွာင္စရာလားရွင္။ လူတေယာက္က ဝတာ ပိန္တာထက္ က်န္းမာဖို႔ စိတ္ခ်မ္းသာဖို႔က အဓိကလို႔ပဲ ျမတ္သူျမင္ပါတယ္။ ကိုယ္ကေတာ့ အလြယ္ေျပာလိုက္ ကဲ့ရဲ႕လိုက္ေပမယ့္ ေျပာခံရသူေနရာမွာ ဘယ္လိုခံစားရမလဲ ကိုယ္ခ်င္းစာေပးတတ္ၾကရင္ သိပ္ေကာင္းမွာပဲ ျမတ္သူလည္း နယ္ေရာက္ေနလို႔ ဝိတ္ခ်ဖို႔အတြက္ မျပင္ဆင္ျဖစ္ေသးတာပါ။

ခ်စ္လို႔ေျပာၾကတဲ့သူေတြအတြက္လည္း မၾကာခင္ ရန္ကုန္ျပန္ေရာက္တာနဲ႔ ဝိတ္ျပန္ခ်ေပးမွာပါ။ ကဲ့ရဲ႕တဲ့သူေတြအတြက္လည္း ေက်းဇူးပါပဲ။ လူတေယာက္ရဲ႕ျဖစ္တည္မႈ ပိန္တာဝတာထက္ လူ႔ပတ္ဝန္းက်င္အတြက္ အက်ိဳးမရွိတဲ့သူ မျဖစ္ရင္ ေတာ္ပါၿပီ။ပိန္ပိန္ဝဝ စိတ္ခ်မ္းသာဖို႔အဓိကပါ ေကာင္မေလးတို႔ေရ” ဆိုၿပီး သူ႔လို ေဝဖန္ခံေနရတဲ့ မိန္ကေလးေတြကိုလည္း အားေပးထားခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ။

Source – Myat Thu Thu
Chilli – CeleGabar