အိပ်ရာနိုးလာပြီး မေမေ့ကိုရှာနေတဲ့ ညီမလေးကို သေချာလေး ထိန်းပေးထားတဲ့ သားလေးကြောင့် ကြည်နူးပီတိတွေဖြစ်နေခဲ့တဲ့ သဉ္ဇာနွယ်ဝင်း

ပရိသတ်ကြီးရေ သဉ္ဇာနွယ်ဝင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ဇနီးကောင်းမိခင်ကောင်းတစ်ယောက်အနေနဲ့ ဘဝကိုအေးချမ်းစွာရပ်တည်နေခဲ့ပါတယ်။

လတ်တလောမှာတော့ သဉ္ဇာနွယ်ဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သားလေးကြောင့် ပီတိဖြစ်နေရကြောင်း မျှဝေလာခဲ့ပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ သားလေးဖြစ်တဲ့ Peach လေးကတော့ နေမကောင်းဖြစ်နေတဲ့ ညီမလေး အိပ်ရာကနိုးလာပြီး မေမေသဉ္ဇာနွယ်ဝင်းကိုရှာနေတာကို သေချာလေး ထိန်ပေးပြီး မေမေ့ဆီကို ခေါ်လာပေးတာလေးကို ပီတိဖြစ်ပြီး ဗီဒီယိုလေးရိုက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမှတ်တရအနေနဲ့ တင်ထားခဲ့တာပဲဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်း အခုလို သားလေးနဲ့ သမီးလေး မောင်နှမ နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်လို့ ပီတိလည်းဖြစ်ကြည်လည်းကြည်နူး နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ သားသမီးတွေလိမ္မာပြီး တစ်ယောက်ကို တစ်ယောက် ဖေးမကြင်နာကြရင် မိဘတွေက ပီတိဖြစ်ရတာတော့ တကယ်ကို အမှန်ပါပဲနော်။

Source – Thinzar Nwewin
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Thinzar Nwewin
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x