” ပိုပိုရဲ့ မွေးနေ့မှာ အမှတ်တရလေးအဖြစ် ဖန်တီးထားတာ ကြာပြီဖြစ်တဲ့ သီချင်းသစ်လေးကို ပရိတ်သတ်တွေအလွမ်းပြေအောင် လက်ဆောင်အနေနဲ့ တင်ပေးမယ်ဆိုတဲ့ Admin Team”
Posted on
CeleGabar ပရိသတ်ကြီးရေအဆိုတော်သရုပ်ဆောင်ပိုပို ကတော့ အလွမ်းအဆွေးသီချင်းတွေနဲ့ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော်တစ်လက်ပါ။ သူမကိုယ်တိုင်သီချင်းတွေကို ပုံဖော်ဖန်တီးရေးစပ်ကာ ကိုယ်တိုင်သီဆိုပြီး ကိုယ်တိုင်MTVတွေရိုက်ကူးလေ့ရှိတဲ့ ပါရမီရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
သူမရဲ့ သီချင်းတွေထဲက ” ဘာမှမလိုဘူး ” သီချင်းကတော့ ကလေးလူကြီးမရွေး ပါးစပ်ဖျားမှာ ရေပန်းစားကာ ပိုပိုလို့ပရိသတ်​တွေစသိခဲ့တဲ့သီချင်းပါပဲနော်။​အောင်မြင်တဲ့တေးစီးရီးတွေထွက်ရှိထားတဲ့ ပိုပိုကတော့ ရာသီအလိုက် Soloသီချင်းလေးတွေထွက်ရှိတတ်တဲ့ အဆိုတော်တစ်ဦးပါ။ ဒါ့အပြင်ရရင်ရသလိုအလှူတွေဆက်တိုက်လှူတန်းတတ်တဲ့အဆို​ေတာ်တစ်လက်လည်းဖြစ်ပါတယ်။
လတ်တလောနိုင်ငံရေးအခြေအနေအရသူမအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတောအတွင်းပရိသတ်တွေနဲ့ဝေးကွာနေပေမယ့်လည်း အပြင်ကပရိသတ်တွေကိုရရင်ရသလို အမှာစကားပါးလေ့ရှိသူပါ။ လက်ရှိမှာတော့”မပိုပိုက မလွတ်သေးပေမယ့် မပိုပိုရဲ့ မွေးနေ့မှာ အမှတ်တရလေးဖြစ်အောင် အပြင်ကAdmin တို့တွေ အားလုံးတိုင်ပင်ပြီး မပိုပိုလုပ်ထားတာ ကြာပြီဖြစ်တဲ့ သီချင်းလေးကို ပရိတ်သတ်တွေလည်း အလွမ်းပြေအောင် သီချင်းလေးတစ်ပုဒ်ကို မပိုပိုမွေးနေ့မှာ ပရိတ်သတ်တွေအတွက် လက်ဆောင်ပေးချင်ပါတယ်
၁၅ရက်နေ့မှာ Youtube မှာ အရင်တင်မှာဖြစ်ပြီး ၁၆ရက်နေ့ မွေးနေ့မှာတော့ fb မှာ တင်မှာဖြစ်ပါတယ် အရင်ဆုံးနားထောင်ချင်တဲ့ ပရိတ်သတ်တွေကတော့ မပိုပိုရဲ့ Youtube Channel လေးကို Subscribe လုပ်ထားနော်https://youtube.com/c/PoPoOfficialUCB9xyEBASllZm3ZNubs3tTg
By Admin” ဆိုတဲ့စာလေးနဲ့ပိုပိုရဲ့ပရိသတ်တွေအတွက်သတင်းကောင်းလေးကိုပြောပြလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ပိုပိုရဲ့ Youtube channelလေးကို Subscribeလုပ်ပြီး သီချင်းသစ်လေးကိုစောင့်မျှော်နားဆင်ပေးကြပါဦးနော်။
Koe- CeleGabar
Source-ဝတ်ရည်မိုး
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source-ဝတ်ရည်မိုး