“တစ်ခေတ်တစ်ခါဆီကိုပြန်လည်ရောက်ရှိသွားစေမယ့်အငွေ့အသက်တွေပါဝင်နေတဲ့ပုံရိပ်တွေကိုဖန်တီးပုံဖော်ကာရိုက်ကူးခဲ့တဲ့ ဟန်လေး”
Posted on
CeleGabarပရိသတ်ကြီးရေဟန်လေးကတော့ Miss Universe myanmar (2015-2016 ) First Runner Up ဆုကိုရရှိပိုင်ဆိုင်ခဲ့ပြီး မော်ဒယ်လမ်းကြောင်းပေါ်က တဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဟန်လေးကတော့ ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပြီး MTV များစွာရိုက်ကူးထားတဲ့ သူတစ်ယောက်ပါ။
လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူလေး ဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေပြီလို့ဆိုရမှာပါ။ဒါ့အပြင် မိဘတွေအပေါ်မှာလည်း ​ရိုသေလေးစားကာ ပြုစုစောင့်ရှောက်လုပ်ကျွေးနေတဲ့ မင်းသမီးတစ်လက်ပါ။
မကြာမကြာအမိုက်စားphotoshootတွေရိုက်ကူးတတ်တဲ့ဟန်လေးကတော့လက်ရှိမှာလည်း”လမ်း၃၀ |လွယ်အိတ်အဖြူ စာအုပ်ထူများစကားပန်းပွင့် ခွာမြင့်ဖိနပ်အမှတ် ၁- ဘတ်စ်ကား အားလုံးကိုကျေးဇူးတင်ပါတယ် …-ဂျူး -”ဆိုတဲ့စာလေးနဲ့အတူ
အမေတို့ ခေတ်က ပုံစံလေးတွေနဲ့ မန်းလေးကနေရာလေးတွေကို လက်လှမ်းမီသလောက် ကြိုးစားထားတာပါ။ ဓာတ်ပုံဆရာနဲ့ Team တခုလုံးရဲ့ အားထုတ်မှုပါရှင့်”ဆိုကာ ပြန်မြင်ဖို့ခက်ခဲလှတဲ့ အ​ေမတွေခေတ်ကမိန်းမပျိုကျောင်းသူတစ်ယောက်ဟန်ပန်လေးကိုရိုက်ကူးခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ပုံလေးတွေကြည့်ရှူပြီးသဘောကျရင်တစ်ခုခုမှတ်ချက်ပေးခဲ့ကြပါဦးနော်။
Koe- CeleGabar
Source- HanLay
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- HanLay