” ဝမ်းစာအတွက်နေ့စဉ်ပဲပြုတ်ရောင်းနေရတဲ့ အဘွားအိုကိုတစ်သိန်းကျပ်လှူဒါန်းခဲ့တဲ့ မိုးစက်”

Posted on

CeleGabarပရိသတ်ကြီးရေ မိုးစက်ကတော့ သက်ကြီးရွယ်အိုတွေ ကိုယ်တိုင်ရှာဖွေစားသောက်နေရကာခက်ခဲနေတဲ့ သူတွေကိုအဓိကထားကာ ကူညီပံ့ပိုးလျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပါ။ သူ့ရဲ့ကူညီထောက်ပံ့မှုတွေဟာပရိသတ်တွေရင်ထဲကိုရောက်ရှိကာ ကြည်နူးပီတိဖြစ်ကြရတာအမှန်ပါပဲနော်။


လက်ရှိမှာလည်း”အသက်(၇၀)ကျော် ညီအစ်မနှစ်ယောက်ထဲ ဝမ်းစာအတွက်နေ့စဉ်ပဲပြုတ်ရောင်းနေရတဲ့ ဖွားဖွား ။ဒီမနက် (၈:၃၀)လောက်ကပေါ့…”ဖွားဖွား…မိုးဖွားတွေ ကျနေပြီနော်….””ဒါလေးကုန်ရင်ပြန်တော့မှာပါ သား…”“ဘယ်လိုရောင်းတာလဲ ဖွားဖွား …”“တစ်ဆယ်သား (၅၀၀)ပါ …””သားကို ၂၀ သား ထည့်ပေးပါ…ရော့ ဖွားဖွား…ပဲပြုတ်ဖိုး…
ဖွားဖွားလဲ အိမ်ပြန်နားတော့….”

“ဟာ…သားပိုက်ဆံတွေက အများကြီးဘဲ…”တစ်သိန်းကျပ်ပါ ဖွားဖွားဖွားဖွားတို့လို သက်ကြီးရွယ်ုအဖိုးအဖွားတွေတွေ့ရင်ကြုံရင် လှူပေးဖို့ သားဆီမှာအမြဲပါ ပြီးသား…”ကျေးဇူးတင်ပါတယ် သားရယ်…”ဖောက်ပြန်နေတဲ့ ရာသီဥတုကြောင့်အဖိုးအဖွားစျေးသည်တွေ နေထိုင်မကောင်းဖြစ်မှာကို စိုးရိမ်မိတာတော့ အမှန်ပါ ။ကျွန်တော်နဲ့အတူ အဖိုးအဖွားတွေစောင့်ရှောက်ဖို့အတွက် လှူဒါန်းကြသူများကျေးဇူးအထူးတင်လျက်ပါခင်ဗျာ။🙏🙏🙏”ဆိုတဲ့စာလေးနဲ့သူ့ရဲ့လှူဒါန်းမှုကိုပြန်လည်ပြောပြလာခဲ့တာ​ပါ။ CeleGabarပရိသတ်တွေလည်း မိုးစက်နဲ့အလှူရှင်တွေရဲ့ကုသိူလ် အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Koe- CeleGabar
Source- MoeSat
ZawgyiFontဖြင့်ဖတ်ရန်

” ဝမ္းစာအတြက္ေန႔စဥ္ပဲျပဳတ္ေရာင္းေနရတဲ့ အဘြားအိုကိုတစ္သိန္းက်ပ္လႉဒါန္းခဲ့တဲ့ မိုးစက္”

CeleGabarပရိသတ္ႀကီးေရ မိုးစက္ကေတာ့ သက္ႀကီး႐ြယ္အိုေတြ ကိုယ္တိုင္ရွာေဖြစားေသာက္ေနရကာခက္ခဲေနတဲ့ သူေတြကိုအဓိကထားကာ ကူညီပံ့ပိုးလ်က္ရွိတဲ့ အႏုပညာရွင္တစ္လက္ပါ။ သူ႔ရဲ႕ကူညီေထာက္ပံ့မႈေတြဟာပရိသတ္ေတြရင္ထဲကိုေရာက္ရွိကာ ၾကည္ႏူးပီတိျဖစ္ၾကရတာအမွန္ပါပဲေနာ္။


လက္ရွိမွာလည္း”အသက္(၇၀)ေက်ာ္ ညီအစ္မႏွစ္ေယာက္ထဲ ဝမ္းစာအတြက္ေန႔စဥ္ပဲျပဳတ္ေရာင္းေနရတဲ့ ဖြားဖြား ။ဒီမနက္ (၈:၃၀)ေလာက္ကေပါ့…”ဖြားဖြား…မိုးဖြားေတြ က်ေနၿပီေနာ္….””ဒါေလးကုန္ရင္ျပန္ေတာ့မွာပါ သား…”“ဘယ္လိုေရာင္းတာလဲ ဖြားဖြား …”“တစ္ဆယ္သား (၅၀၀)ပါ …””သားကို ၂၀ သား ထည့္ေပးပါ…ေရာ့ ဖြားဖြား…ပဲျပဳတ္ဖိုး…ဖြားဖြားလဲ အိမ္ျပန္နားေတာ့….”

“ဟာ…သားပိုက္ဆံေတြက အမ်ားႀကီးဘဲ…”တစ္သိန္းက်ပ္ပါ ဖြားဖြားဖြားဖြားတို႔လို သက္ႀကီး႐ြယ္ုအဖိုးအဖြားေတြေတြ႕ရင္ႀကဳံရင္ လႉေပးဖို႔ သားဆီမွာအၿမဲပါ ၿပီးသား…”ေက်းဇူးတင္ပါတယ္ သားရယ္…”ေဖာက္ျပန္ေနတဲ့ ရာသီဥတုေၾကာင့္အဖိုးအဖြားေစ်းသည္ေတြ ေနထိုင္မေကာင္းျဖစ္မွာကို စိုးရိမ္မိတာေတာ့ အမွန္ပါ ။ကြၽန္ေတာ္နဲ႔အတူ အဖိုးအဖြားေတြေစာင့္ေရွာက္ဖို႔အတြက္ လႉဒါန္းၾကသူမ်ားေက်းဇူးအထူးတင္လ်က္ပါခင္ဗ်ာ။🙏🙏🙏”ဆိုတဲ့စာေလးနဲ႔သူ႔ရဲ႕လႉဒါန္းမႈကိုျပန္လည္ေျပာျပလာခဲ့တာ​ပါ။ CeleGabarပရိသတ္ေတြလည္း မိုးစက္နဲ႔အလႉရွင္ေတြရဲ႕ကုသိူလ္ အလႉအတြက္သာဓုေခၚခဲ့ပါဦးေနာ္။

Koe- CeleGabar
Source- MoeSat