ပရိသတ်ကြီးရေ ဟန်နာယူရီကတော့ Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟန်နာယူရီကတော့ ကိုရှးယားနိုင်ငံအထိအောင် အနုပညာအလုပ်တွေလုပ်ကိုင်နေပြီ အနုပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။
ဒီနေ့မှာလည်း ဟန်နာယူရီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကမ္ဘာကျော် ကိုရီးယားမင်းသားချော Lee Seo Hoနဲ့ အတူ သီချင်း MV လေးတစ်ခုကို ရိုက်ကူးခဲ့ထားတဲ့ Teaser ဗီဒီယိုအတိုလေးကို မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ ဟန်နာယူရီက မင်းသားချော Lee Seo Hoရဲ့ ချစ်သူကောင်မလေးနေရာကနေ သရုပ်ဆောင်ခဲ့ပြီး ရင်းရင်းနှီးနှီးကို သရုပ်ဆောင်ခဲ့ရတာကြောင့် နှုတ်ခမ်းနီမလေးတွေက အားကျနေခဲ့ကြပါသေးတယ်။
အခုလို နာမည်ကြီး ကိုရီးယားမင်းသားချောနဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် ဟန်နာယူရီရဲ့ ပရိသတ်တွေကတော့ ဟန်နာယူရီအတွက် ဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေကိုလည်း ဟန်နာယူရီနဲ့ ကိုရီးယားမင်းသားချော Lee Seo Hoတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Hannayuri
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
ကိုရီးယားမင်းသားချော Lee Seo Hoနဲ့ အတူ တွဲဖက်ရိုက်ကူးထားတဲ့ MV လေးကို မျှဝေပြီး နှုတ်ခမ်းနီမလေးတွေအားကျမှုကို ရယူလိုက်တဲ့ ဟန်နာယူရီ
Source – Hannayuri
Chilli – CeleGabar