ပရိသတ်ကြီးရေ မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင် သရုပ်ဆောင်နေတဲ့ အထိအောင်မြင်မှုတွေရရှိနေတဲ့ ပရိသတ်အချစ်တော်စ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ မေလ (၁၁)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် မေမြင့်မိုရ်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။
ဒီနေ့မွေးနေ့ရက်မြတ်လေးမှာတော့ မေမြင့်မိုရ်က အသက် (၂၇)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ နံနက်ခင်းကနေစလို့ကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းနေခဲ့ပါတယ်။သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း မွေးနေ့နံနက်ခင်းလေးမှာ တန်းဆွမ်လောင်းလှူကုသိုလ်ပြုနေခဲ့ပုံလေးတွေကိုလည်း မျှဝေထားခဲ့ပါသေးတယ်။
Happy Birthday ပါ မေလေးရေ……. မွေးနေ့မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အနုပညာလောကမှာ ပိုမိုအောင်မြင်မှုတွေရရှိပါစေ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း ပိုမိုရရှိပါစေလို့ CeleGabar ကနေ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေမြင့်မိုရ်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Source – May Myint Mo
Chilli – CeleGabar
-Zawgyi Font ဖြင့် ဖတ်ရန်-
မွေးနေ့မှာ နံနနက်ခင်ကနေစလို့ ကောင်းမှုတွေပြုလုပ်နေခဲ့တဲ့ မေမြင့်မိုရ်
Source – May Myint Mo
Chilli – CeleGabar