” ပေါ့ပါးလွတ်လပ်တဲ့ဂျင်းဝမ်းဆက်ဖက်ရှင်လေးကိုစတိုင်ကျကျဝတ်ဆင်ကာ မိသားစုနဲ့ပျော်ရွှင်စွာခရီးသွားနေတဲ့ပုံရိပ်တွေကို တင်လာခဲ့တဲ့စိုးပြည့်သဇင်”
Posted on
CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်လေးစိုးပြည့်သဇင်ဟာ အသက် (၁၈ )နှစ်အရွယ်မှာ “မိုးညအိပ်မက်မြူ” ဇာတ်ကားနဲ့ အကယ်ဒမီ ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားသူပဲဖြစ်ပါတယ်။သရုပ်ဆောင်ဘက်မှာသာမက အဆိုဘက်မှာလည်း ထူးခြားချိုသာတဲ့အသံလေးနဲ့အဆိုကောင်းသူတစ်ယောက်ပါနော်။
အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးတွေရဲ့ မျိုးဆက်လို့ ပြောလို့ရပါတယ်။ အနုပညာလောကမှာ စိုးမိသားစု ဆိုရင် မသိသူမရှိ တဲ့စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင် တို့နဲ့ အမျိုးတော်စပ်တဲ့အပြင် သူမဟာလည်း အနုပညာပါရမီက မခေသူတစ်ယောက်ပါ။အဆိုဘက်မှာလည်း သူမသီချင်းတွေကို ပရိသတ်တွေကလက်ခံအားပေးတဲ့အပြင် ချိုသာအေးမြတဲ့ အသံပါဝါကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
ဒါ့အပြင် မိဘဆရာသမားတွေအပေါ်မှာလည်း ရိုသေသိတတ်မှုရှိတဲ့ မင်းသမီးလေးတစ်လက်ပါ။ ဒီနေ့မှာတော့ မိသားစုလိုက်ပျော်ရွှင်စွာခရီးသွားပုံရိပ်လေးတွေနဲ့အတူ ဂျင်းဝမ်းဆက်ဖက်ရှင်နဲ့ ပေါ့ပါးလွတ်လပ်တဲ့တစ်ကိုယ်တော်ပံု​ရိပ်လေးတွေကိုလည်းတင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းစိုးပြည့်ရဲ့ခရီးသွားပုံရိပ်တွေကို ကြည့်ရှူနိူင်ဖို့အတွက်တင်ပေးလိုက်ပါတယ်နော်။
Koe- CeleGabar
Source- SoePyaeThazin
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- SoePyaeThazin