“သူ့ရဲ့သီချင်းစာသားနဲ့ပုံလေးကို အမျိုးသားပရိသတ်တစ်ဦးရဲ့ရင်ဘက်မှာတက်တူးထိုးကာ အားပေးဝန်းရံခြင်းခံခဲ့ရတဲ့ G-Fatt”

Posted on

CeleGabar ပရိသတ်ကြီးရေG-Fattကတော့ ထိမိတဲ့စာသားတွေကိုသီဆိုတတ်တာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ အခုလက်ရှိအချိန်ထိ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက ကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်းခံရသူပါ။

သီချင်းသစ်တွေထွက်လာတဲ့အခါတိုင်း ပရိသတ်ရင်ထဲကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ပရိသတ်ရင်ထဲ ထိရှအောင် ဖန်တီးတတ်တဲ့ အဆို ရှင်တစ်ဦးဖြစ်ပြီး လူငယ်တွေလက်တွေ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အချစ်ရေးပုံစံတွေကိုထိထိမိမိနဲ့ ပုံဖော်ရေးတတ်တဲ့ တေးရေးဆရာတစ်ဦးလို့တောင်တင်စားရမှာပါ။


G-Fatt တစ်ယောက်ကတော့အခုချိန်မှာ သူ့ရဲ့ပရိသတ်တွေနဲ့ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးကာ Singleအဖြစ်နဲ့ ပေါ့ပါးပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့”ပရိတ်သတ်ကောင်လေးတစ်ယောက်ရဲ့ရင်ဘက်မှ 🖤🌻”ဆိုတဲ့စာလေးနဲ့အတူ သူ့ရဲ့သီချင်းစာသားလေးဖြစ်တဲ့”ကောင်လေးကရယ်ရတယ်….ကောင်မလေးကဒီဘဝဒီမျှပဲလို့ပြောတာတောင်…..ပြန်အဆင်ပြေချင်တယ်လို့ဂျီကျတယ်…”ဆိုတဲ့စာသားလေးကို တက်တူးထိုးထားတဲ့ပုံရိပ်လေးကိုတင်လာခဲ့တာပါ။

Koe-CeleGabar
Source – G- Fatt
ZawgyiFontဖြင့်ဖတ်ရန်




Koe-CeleGabar
Source – G- Fatt