” SingleMotherတစ်​ယောက်ဖြစ်ပေမယ့် အားငယ်တွန့်ဆုတ်ခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ဖြတ်သန်းနေတဲ့သူမရဲ့ခံယူချက်ကိုပြောပြလာတဲ့နန်းမြတ်ဖြိုးသင်း”

Posted on

CeleGabarပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်မှာလည်း နေရာတစ်ခုရရှိထားသလိုအဆိုဘက်မှာလည်းသူ့ရဲ့သီချင်းတွေကိုပရိသတ်တွေအကြိုက်တွေ့ခဲ့ရတာပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့Covid 3rd waveမှာ သူမရဲ့ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့ကာ အခုဆိုရင်ချစ်စရာကောင်းတဲ့ သားနဲ့သမီးနဲ့အတူ ဘဝကိုဖြတ်သန်းနေတာပါ။

သားနဲ့သမီးကို အချိန်ပေးကာ ကိုယ်တိုင်ထိန်းကျောင်းနေတဲ့ အပြင် စီးပွားရေးကိုလည်း ဦးဆောင်ကာရှာဖွေလျက်ရှိတဲ့ နန်းမြတ်ကတော့
သူမရဲ့ခံစားချက်တွေကို အမြဲရင်ဖွင့်လေ့ရှိသူပါ။ဒါ့အပြင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့သားနဲ့သမီးရဲ့ ပုံရိပ်လှုပ်ရှားမှုလေးတွေကိုချစ်တဲ့ပရိသတ်တွေအတွက်​အမြဲတင်ပေးလေ့ရှိတာပါ။

လက်ရှိမှာလည်း”ရဲရင့်မှုတွေ ယုံကြည့်မှုတွေက ရှေ့ဆက်ဖို့တွက်ခွန်အားတွေပဲသားနဲ့သမီးဆီကနေယုံကြည်မှုတွေရတယ် မိဘတွေဆီကနေရဲရင့်မှုတွေကူးယူတယ်ကြိုးစားပီးရှေ့ဆက်နေတယ်SingleMom”ဆိုတဲ့စာလေးနဲ့သူမဘဝရပ်တည်နေတဲ့ခံယူချက်လေးကိုပြောပြလာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း နန်းမြတ်ရဲ့ခံယူချက်လေးကိုသဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure : Nann Myat Phyo Thin
ZawgyiFontဖြင့်ဖတ်ရန်






Koe-CeleGabar