Save The Aged က ဘိုးဘိုးဘွားဘွားတွေအတွက် အာဟာရပဒေသာလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ရွှေရင်အေးနဲ့ သဲနန္ဒာစိုး

Posted on

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၃)ရက်နေကလေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ရွှေရင်အေးနဲ့ သရုပ်ဆောင် သဲနန္ဒာစိုးတို့ ညီအစ်မနှစ်ယောက်က အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ သူတို့ နှစ်ယောက်ရဲ့ Page လေ Follower (၆)သောင်းပြည့်သွားခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ အလှူလေးပြုလုပ်ခဲ့တာပါ။

နိုနိုနဲ့ ဂိုဂိုတို့နှစ်ယောက်ကတော့ အခုနောက်ပိုင်းမှာ Streamer အနေနဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် Game တွေ ကစားနေခဲ့ပြီး Streaming မှရရှိတဲ့ ဦးဦးဖျားဖျား အနုပညာကြေးအချို့ကို Save The Aged က ဘိုးဘိုးဘွားဘွားတွေအတွက် အာဟာရပဒေသာလှူဒါန်းမှု ပြုလုပ်ခဲ့တာပါ။ အခုလို ပြုလုပ်တဲ့ အလှူလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကနေ ရလာတဲ့ အနုပညာကြေးတွေနဲ့ လှူဒါန်းတာဖြစ်တဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း နိုနိုနဲ့ ဂိုဂိုက ပြောထားပါသေးတယ်။

ပရိသတ်ကြီးရေ နိုနိုနဲ့ ဂိုဂိုတို့ ညီအစ်မနှစ်ယောက်ကတော့ အခုလို အလှူလေးပြုလုပ်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာကြည်နူးမဆုံးဖြစ်နေခဲ့ပြီး ပရိသတ်တွေ သာဓုခေါ်ဆိုလို့ရအောင် အလှူလေးကို မျှဝေဖော်ပြထားခဲ့တာပါ။ CeleGabar ပရိသတ်ကြီးတွေက နိုနိုနဲ့ ဂိုဂိုတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Chilli – Celegabar
Source – GoGo_NoNo