စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် လှူဒါန်းမှုမှာ ဆန် (၃)အိတ်စာ ပါဝင်လှူဒါန်းပေးခဲ့တဲ့ ထူးအောင်

Posted on

ပရိသတ်ကြီးရေ ထူးအောင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ ကျစ်လစ်တောင့်တင်းပြီး အချိုးအစားကျလှတဲ့ အမိုက်စားခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်ကျော်တစ်ယောက်ဖြစ်နေခဲ့ပါသေးတယ်။

ခေတ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ အလှူအတန်းတွေလည်း ရက်ရောစွာလှူဒါန်းတတ်တဲ့ ထူးအောင်ကတော့ ဒီနေ့မှာလည်း မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ဆရာတော်အရှင် သီရိစန္ဒသူရိယဦးဆောင်ကာ ကဆုန်လပြည့်ကျော်(၁)ရက်နေ့၌အိမ်ခြေ(၇၂၀)စာလှူဒါန်းမယ့် အလှူမှာ ဆွမ်းဆန်တော်ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ထူးအောင်ကတော့ ဆန်အိတ် (၃)အိတ်ကို ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မော်ဒယ်လ်မင်းသားချော ထူးအောင်ရဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးကို ပရိသတ်တွေလည်း ထပ်တူကုသိုလ်ရရှိစေဖို့ သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Ashin Sanda Suria
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar