ပိုပိုရဲ့ မွေးနေ့လေးအတွက် ပိုပို့ကိုယ်စားမွေးနေ့အလှူကောင်းမှုလေးပြုလုပ်ပေးခဲ့တဲ့ ယွန်းမြတ်သူ

ပရိသတ်ကြီးရေ ပိုပိုကတော့ ပရိသတ်တွေအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ပြည်သူချစ်အနုပညရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အချုပ်အနှောင်ကနေ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ ပိုပို့ရဲ့ ပရိသတ်တွေကတော့ ပိုပို့ကို လွမ်းဆွတ်သတိရနေကြပါသေးတယ်။

လာမယ့် မေလ (၁၆)ရက်နေ့လေးကတော့ ပိုပိုရဲ့ မွေးနေ့ကျရောက်တဲ့ ရက်မြတ်လေးဖြစ်ပြီး ပိုပိုရဲ့ မွေးနေ့အတွက် သူ့ရဲ့ Admin Team နဲ့ ပရိသတ်တွေက ဆုပေါင်းအမှတ်တရလေးတစ်ခုလုပ်ဖို့ စီစဉ်နေခဲ့ကြပါသေးတယ်။ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော်ယွန်းမြတ်သူကလည်း ပိုပို့အတွက် ကိုယ်စားမွေးနေ့အလှူလေးပြုလုပ်ပေးခဲ့ပါသေးတယ်။

ယွန်းမြတ်သူကတော့ (၁၆)ရက်နေ့မှာ ကျရောက်မယ့် ပိုပိုရဲ့ မွေးနေ့အတွက် မွေးနေ့အလှူလေးအဖြစ် Kind Heart Dogs Rescue and Shelter ရန်ကုန်မှာရှိတဲ့ လမ်းဘေးလေလွင့်တိလေးတွေအတွက် အဟာရဒါနအလှူလေးလှူဒါန်းပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို ကောင်းမှုတွေကြောင့် ပိုပိုတစ်ယောက် အမြန်ဆုံး လွတ်မြောက်ပါစေလို့ CeleGabar ကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Kind Heart Dogs Rescue and Shelter
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar

Check Also

” ကွယ်လွန်သူဖခင်ကြီးအားရည်စူးပြီးတော်ဝဆရာတော်ဘုရားကြီးကျောင်းအဝင်လမ်းမချောစေရန် အခင်းများကို လှူတန်းခဲ့တဲ့ ဂျွန်လွင်”

CeleGabar ရိသတ်ကြီးရေ ဆရာဂျွန်လွင်ကတော့ International Modeling Agency ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ပြီး အောင်မြင့ကျော်ကြားတဲ့အနုပညာရှင်တွေထွက်ပေါ်လာအောင်သင်ကြားပေးနိုင်တဲ့ သူတစ်ဦးပါ။ အရေးကြီးတဲ့ထိပ်တန်းအနုပညာပွဲတွေမှာလည်း ဆရာဂျွန်လွင်ဟာမပါမဖြစ်ပါဝင်ရသူတစ်ဦးဖြစ်ပြီး အကြင်နာထွန်းကားရေး​ နာမည်လေးနဲ့ …

x