အစစအရာရာ အကုန်ရပ်တန့်သွားတဲ့ ကိုဗစ်ကာလမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာရင်း ဈေးရောင်းကြတဲ့အနုပညာရှင်တွေထဲမှာတော့ မောင်မောင်အေးတစ်ယောက်လည်း အပါအဝင်ပါ။ အများနဲ့မတူတဲ့စတိုင်အသစ်နဲ့ အိုးပူကြီးယူနန်ဟော့ပေါ့ကို မိတ်ဆက်ရောင်းချခဲ့ပြီး ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့တယ်လို့ ဆိုရမှာပါ။
အချိုမှုန့်လုံးဝမသုံးထားဘဲ အသားနဲ့အရွက်ကထွက်တဲ့ လတ်ဆတ်တဲ့အချိုရည်နဲ့ အရသာကောင်းမွန်လွန်းတဲ့ မောင်မောင်အေးရဲ့ အိုးပူကြီးဟော့ပေါ့ကတော့ ဒီနှစ်လကျော်အတွင်းမှာ မထင်မှတ်ထားလောက်အောင် ရောင်းအားကောင်းခဲ့ပြီး အပျော်စလုပ်ခဲ့တဲ့အိုးပူကြီးကို ဒီနေ့မှာတော့ လုပ်ငန်းလိုင်စင်တင်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းလေးမျှဝေခဲ့ပါတယ်။
” လူတောတိုးတဲ့ အိုးပူတော့ဖြစ်ချေပြီ… လူရာဝင်ပြီး လူတကာချစ်သော လူကြိုက်များတဲ့ အိုးပူကောင်း အိုးပူသန့်လေး အဖြစ်နှစ်ပေါင်းကြာရှည်ရပ်တည်နိုင်သော အိုးပူကြီး ဖြစ်ဖို့ အကောင်းဆုံးကြိုးစားပါမည်ဟု သစ္စာအဓိဠာန်ပြုပါ၏…အားလုံး ကြားကြားသမျှ ….. ဟော့ပေါ့ . . ဟော့ပေါ့ …မှာတော်မူကြပါကုန်သော်” ဆိုပြီး မောင်မောင်အေးကတော့ ပျော်ရွှင်စွာမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ။ မေတ္တာ၊စေတနာအပြည့်အဝနဲ့ရောင်းချပေးတဲ့ မောင်မောင်အေးရဲ့ အိုးပူကြီးဟော့ပေါ့ နှစ်ရှည်လများအောင်မြင်စွာနဲ့ ရပ်တည်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Mg Mg Aye
Rainbow- Cele Gabar