မွေးနေ့အမှတ်တရဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့တဲ့ မေတိုးခိုင်

ပရိသတ်ကြီးရေ မေတိုးခိုင်ကတော့ ပြီးခဲ့တဲ့ မေလ (၇)ရက်နေ့က အသက် (၂၇)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ မေတိုးခိုင်ကတော့ ဒီနေ့ မေလ (၁၃)ရက်နေ့လေးမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မွေးနေ့ဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

ပုံလေးတွေနဲ့ အတူ “Long overdue birthday post. အမှတ်တရလေးအဖြစ်ပုံလေးတွေစုပြီးတင်မယ်နော်။ နောက်ထပ်မမေ့တော့မယ့်နေ့တစ်နေ့။ တစ်နေကုန် ပီတိဖြစ်စရာလေးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ မွေးနေ့။ ဖြစ်ချင်တာလုပ်ချင်တာ အမြဲဘေးကပါရမီဖြည့်ပေးတဲ့ ဖူးချစ်ရတဲ့သူတွေအားလုံးကျေးဇူးအရမ်းတင်ပါတယ်။ မွေးနေ့ကိုပို အမှတ်တရဖြစ်အောင်လုပ်ပေးတဲ့ ချစ်ရတဲ့ ဖူးရဲ့ Maykeys တွေကိုလည်းရင်ထဲကနေအရမ်းကျေးဇူးတင်ပါတယ်။ အလှူငွေ အလှူပစ္စည်းတွေ လှူပေးတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်။ ထမင်းဘူးတွေစီစဉ်ပေးတဲ့ စေတနာအပြည့်နဲ့ အန်တီအေးသဇင် နဲ့ masterchef အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်။ အမြဲ အလှူဆိုပါဝင်အားဖြည့်ပေးတဲ့ sunkist ကိုလည်းကျေးဇူးတင်ပါတယ်။

မွေးနေ့ဆုတောင်းပေးကြသူအားလုံးလည်းကျေးဇူးတင်ပါတယ် တစ်ယောက်ချင်းဆီမပြန်နိုင်တာလည်းနားလည်ပေးပါနော်။ ဘဝရဲ့နောက်ဆုံးထွက်သက်အချိန်တစ်ခုအထိ လိုအပ်သူတွေကိုတစ်ထောင့်တစ်နေရာကနေကူညီနိုင်တဲ့လက်တစ်စုံဖြစ်ချင်ပါတယ် ” ဆိုပြီး တော့လည်း မွေးနေ့လေးမှာ ပျော်ရွှင်မှုတွေပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း မေတိုးခိုင်က ပြောထားခဲ့ပါသေးတယ် CeleGabar ပရိသတ်ကြီးရေ။

Source – May Toe Khine
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ေမြးေန႔အမွတ္တရျဖတ္သန္းခဲ့တဲ့ ပုံရိပ္ေလးေတြကို မွ်ေဝခဲ့တဲ့ ေမတိုးခိုင္

ပရိသတ္ႀကီးေရ ေမတိုးခိုင္ကေတာ့ ၿပီးခဲ့တဲ့ ေမလ (၇)ရက္ေန႔က အသက္ (၂၇)ႏွစ္ျပည့္ေျမာက္သြားခဲ့တာပဲျဖစ္ပါတယ္။ ေမတိုးခိုင္ကေတာ့ ဒီေန႔ ေမလ (၁၃)ရက္ေန႔ေလးမွာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ ေမြးေန႔ျဖတ္သန္းခဲ့တဲ့ အမွတ္တရပုံေလးေတြကို မွ်ေဝလာခဲ့ပါတယ္။

ပုံေလးေတြနဲ႔ အတူ “Long overdue birthday post. အမွတ္တရေလးအျဖစ္ပုံေလးေတြစုၿပီးတင္မယ္ေနာ္။ ေနာက္ထပ္မေမ့ေတာ့မယ့္ေန႔တစ္ေန႔။ တစ္ေနကုန္ ပီတိျဖစ္စရာေလးေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ေမြးေန႔။ ျဖစ္ခ်င္တာလုပ္ခ်င္တာ အၿမဲေဘးကပါရမီျဖည့္ေပးတဲ့ ဖူးခ်စ္ရတဲ့သူေတြအားလုံးေက်းဇူးအရမ္းတင္ပါတယ္။ ေမြးေန႔ကိုပို အမွတ္တရျဖစ္ေအာင္လုပ္ေပးတဲ့ ခ်စ္ရတဲ့ ဖူးရဲ႕ Maykeys ေတြကိုလည္းရင္ထဲကေနအရမ္းေက်းဇူးတင္ပါတယ္။ အလႉေငြ အလႉပစၥည္းေတြ လႉေပးတဲ့သူေတြလည္းေက်းဇူးတင္ပါတယ္။ ထမင္းဘူးေတြစီစဥ္ေပးတဲ့ ေစတနာအျပည့္နဲ႔ အန္တီေအးသဇင္ နဲ႔ masterchef အဖြဲ႕ကိုလည္းေက်းဇူးတင္ပါတယ္။ အၿမဲ အလႉဆိုပါဝင္အားျဖည့္ေပးတဲ့ sunkist ကိုလည္းေက်းဇူးတင္ပါတယ္။

ေမြးေန႔ဆုေတာင္းေပးၾကသူအားလုံးလည္းေက်းဇူးတင္ပါတယ္ တစ္ေယာက္ခ်င္းဆီမျပန္ႏိုင္တာလည္းနားလည္ေပးပါေနာ္။ ဘဝရဲ႕ေနာက္ဆုံးထြက္သက္အခ်ိန္တစ္ခုအထိ လိုအပ္သူေတြကိုတစ္ေထာင့္တစ္ေနရာကေနကူညီႏိုင္တဲ့လက္တစ္စုံျဖစ္ခ်င္ပါတယ္ ” ဆိုၿပီး ေတာ့လည္း ေမြးေန႔ေလးမွာ ေပ်ာ္႐ႊင္မႈေတြေပးၾကတဲ့ သူေတြအားလုံးကို ေက်းဇူးတင္ေၾကာင္း ေမတိုးခိုင္က ေျပာထားခဲ့ပါေသးတယ္ CeleGabar ပရိသတ္ႀကီးေရ။

Source – May Toe Khine
Chilli – CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x