CeleGabar ပရိသတ်ကြီးရေ ဧငြိမ်းဖြူလေးကတော့ ဘိုမရုပ်လေးနဲ့တူတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက ပြောလေ့ရှိကြပြီး မြန်မာရုပ်သံနောက်ခံဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သတိထားမိလာတာလို့ဆိုရမှာပါ။ Cover Dance တွေလည်းကလေ့ရှိတဲ့သူလေး ဖြစ်ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီလို့ဆိုရမှာပါ။
ဒါ့အပြင်ဧငြိမ်းဖြူကတော့ Laurel Art Academy ကျောင်း ပိုင်ရှင်ရဲ့ သမီးအငယ်ဆုံးလေးပဲ ဖြစ်ပါတယ်။ အနုပညာကျောင်းပိုင်ရှင်ရဲ့သမီးဖြစ်တာနဲ့အညီအနုပညာအပိုင်းမှာလည်း ပါရမီပါတဲ့မင်းသမီးလေးတစ်လက်ပါ။
ဒီနေ့မှာတော့သူမရဲ့ ကြီးမားလှတဲ့အိမ်ခြံဝန်းအကျယ်ကြီးထဲမှာ ပိတောက်ပင်တွေအုံဆိုင်းနေပြီး ပိတောက်ပန်းတွေကြွေကျကာ တခြံလုံးဝင်းဝါနေတဲ့သူမခြံရဲ့ အလှကို ပြသလာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းဧငြိမ်းဖြူရဲ့ကြီးမားလှတဲ့အိမ်ခြံဝန်အကျယ်ကြီးထဲမှာပိတောက်ပန်းတွေကြွေနေတဲ့ပုံရိပ်လေးတွေကိုကြည့်ကာ သဘောကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Source- A NyeinPhyu
ZawgyiFontဖြင့်ဖတ်ရန်
” သူမရဲ့ ကြီးမားလှတဲ့အိမ်ခြံဝန်းအကျယ်ကြီးထဲမှာပိတောက်ပန်းတွေကြွေကျပြီးတစ်ခြံလုံးဝင်းဝါကာ ပန်းချီကားတစ်ချပ်လိုလှပနေတဲ့ခြံဝန်းအလှကို ပြသလာတဲ့ဧငြိမ်းဖြူ”


Koe-CeleGabar
Source- A NyeinPhyu