သီချင်းမဆိုတာကြာပြီဖြစ်ပေမယ့် ပြန်ဆိုချိန်မှာ JOOX မှာ Top(8) အထိရောက်ခဲ့လို့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ Ah Boy

Posted on

နိုင်ငံကျော်အဆိုတော် Ah Boy ကတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ပြီး စီပွားရေးတွေလုပ်နေခဲ့တာကြာပြီဖြစ်ပေမယ့် မကြာသေးမီကတော့ ပရိသတ်အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့အတူ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းသစ်လေးကို တွဲဖက်သီဆိုထားပါတယ်။ ဒီသီချင်းကတော့ ထွက်ရှိပြီး(၂)အတွင်းမှာ JOOX မှာ ပရိသတ်အကြိုက်တေးသီချင်း Top(8) နေရာကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

အဆိုတော် Ah Boy ကတော့ သီချင်းမဆိုတာကြာပြီဖြစ်ပေမယ့် ပြန်ဆိုချိန်မှာ JOOX မှာ Top(8) အထိရောက်အောင် တစ်ခဲနက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို “Joox မှာကျွန်တော်နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့”အငွေ့အသက်များ”သီချင်းလေးကနှစ်ပတ်အတွင်း Top 8 နေရာကိုရောက်သွားပါပြီ။ ကျွန်တော်သီချင်းမဆိုတာကြာပေမယ့် ခုလိုပြန်ဆိုတဲ့ချိန်မှာ ထင်မထားမိလောက်အောင် အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကို ဒီနေရာကနေကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာ။ သီချင်းလေးဖြစ်မြောက်အောင် အကောင်းဆုံး ကူညီဆောင်ရွက်ပေးခဲ့သူများအားလုံးကို ကျေးဇူးအထူးပါလို့။ အထူးသဖြင့်သီချင်းထွက်မယ့်ညက Profile Picture ပါပြောင်းပြီး ည (၁၂) အထိစောင့်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးကမ္ဘာပါ။ နားမထောင်ရသေးတဲ့သူတွေလည်း နားထောင်ပြီး ဝေဖန်ပေးကြပါဦးဗျာ။” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကျေးဇူးတင်စကားဆိုထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော် HipHop အဆိုတော် Ah Boy ကတော့ ချမ်းမြေ့မောင်ချိုနဲ့အတူ တွဲဖက်သီဆိုထားတဲ့ “အငွေ့အသက်များ” သီချင်း ထွက်ရှိပြီး(၂)အတွင်းမှာ JOOX မှာ ပရိသတ်အကြိုက်တေးသီချင်း Top(8) နေရာကိုရောက်အောင် တစ်ခဲနက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေသာမက သီချင်းထွက်မယ့်ညက Profile Picture ပါပြောင်းပြီး ည (၁၂) အထိစောင့်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည် ကျေးဇူးအထူးတင်ပါတယ်တဲ့။

Source: Kyaw Phyo Tun
DarDar-CeleGabar