အချစ်ဆုံး သူငယ်ချင်း (၆) ယောက်နဲ့အတူ အမှတ်တရလေးတွေ ဖန်တီးခဲ့တဲ့ သဇင်ထူးမြင့်

Posted on

ပရိသတ်ကြီးရေ အနုပညာရှင်တွေရဲ့ သားသမီးတွေဖြစ်သလို အခင်ဆုံးသူငယ်ချင်းတွေ လည်းဖြစ်တဲ့ သဇင်ထူးမြင့်၊ ယွန်းယွန်း ၊ ပျိုပျိုမေ ၊ မှုံနံသာ ၊ Dora Alex ၊ သင်ဇာ နဲ့ လေပြည်သွေး တို့ သူငယ်ချင်းတစ်စုကတော့ ပရိသတ်တွေအားလုံး ချစ်ရတဲ့ ပရိသတ်အချစ်တော်လေးတွေလို့တောင်ဆိုရမှာပါ ။

တစ်ယောက်တစ်နေရာစီကနေ ဒီလို သံယောဇဉ်လေးတွေရှိလာမယ်လို့တခါမှမတွေးမိခဲ့ဘူး ငါတို့တွေအချိန်အကြာကြီးထိ အတူတူရှိကြမယ်နော်…အနားကို ရောက်လာပြီး အရမ်းဂရုစိုက်ပြီး ချစ်ဖို့ကောင်းတဲ့ ကောင်မလေး ၆ယောက်လုံးကို အရမ်းချစ်တယ်နော်…ဆိုတဲ့ စာသားလေးနဲ့အတူ သဇင်ထူးမြင့်က သူမတို့ သူငယ်ချင်း (၆) ယောက်ရဲ့ အမှတ်တရ ချစ်ဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

သူမတို့ (၆) ယောက်ရဲ့ ပရိသတ်တွေကတော့ အရမ်းကိုချစ်စရာကောင်းတယ်ဆိုတဲ့ မှတ်ချက်လေးတွေနဲ့အတူ သူငယ်ချင်းတစ်ဖွဲ့လုံး အများကြီး အောင်မြင်ပါစေ အသက်တွေ ကြီးသည်အထိ အတူတူ လက်တွဲပြီး အလုပိတွေ လုပ်နိုင်ပါစေ လို့လည်း ဆုမွန်ကောင်းလေးတွေတောင်းပေးထားကြပါသေးတယ် ။

Source : Thazin Htoo Myint
Emily (Cele Gabar)