” ရွှေဘုန်းပွင့် အောင်ချမ်းသာဘုရား ထီးတော်တင်ပွဲမှာ ချစ်ရတဲ့ပရိသတ်တွေနဲ့တွေ့ဆုံခဲ့ရကာ ပြောမပြတတ်အောင်ဝမ်းသာခဲ့ရတယ်ဆိုတဲ့ ပိုင်တံခွန်”

Posted on

CeleGabar ပရိသတ်ကြီးရေ မြန်မာနိုင်ငံက အမျိုးသမီးပရိသတ်တွေသာမက ထိုင်းနိုင်ငံကအမျိုးသမီးတွေရဲ့အသည်းစွဲမင်းသားတစ်လက်ကတော့ ပိုင်တံခွန်ပါပဲနော်။ အာရှကနိုင်ငံတွေတင်သာမကဘဲ ဥရောပအထိထိုးဖောက်အောင်မြင်ကျော်ကြားခဲ့ဖူးတဲ့ပိုင်တံခွန်ကတော့ လက်ရှိမှာ အချုပ်အနှောင်ကပြန်လည်လွတ်မြောက်လာပြီးနောက် ပရိသတ်ရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့တာပါ။

ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပိုင်တံခွန်ကတော့ မနေ့ကကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ အနုပညာညီအစ်ကိုတွေနဲ့အတူရွှေဘုန်းပွင့် အောင်ချမ်းသာဘုရား ထီးတော်တင်ပွဲကိုတက်ရောက်ခဲ့တာပါ။ ဒါ့အပြင် ချစ်ရတဲ့ပရိသတ်တွေနဲ့လည်း တွေ့ဆုံကာ နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။


“ပရိတ်သတ်တွေနဲ့ ရုတ်တရက်တွေ့တဲ့အခါ စကားအများကြီးပြောပြချင်တယ် ကျနော်မပြောတတ်လို့
ကဆုန်လပြည့် ဗုဒ္ဓနေ့ 🖤ရွှေဘုန်းပွင့် အောင်ချမ်းသာဘုရား ထီးတော်တင်ပွဲ”ဆိုတဲ့စာလေးနဲ့အတူ ပရိသတ်တွေနဲ့တွေ့ဆုံခဲ့တဲ့အမှတ်တရတွေကို ဝေမျှခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းပိုင်တံခွန်တစ်ယောက်ပရိသတ်တွေနဲ့အတူပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုကြည့်ရှူနိုင်အောင်တင်ပေးလိုက်ပါတယ်နော်။

Koe- CeleGabar
Source- PaingTakhon
ZawgyiFontဖြင့်ဖတ်ရန်






Koe- CeleGabar
Source- PaingTakhon