ခရီးသွားရင်း လမ်းမှာတွေ့တဲ့ဈေးရောင်းကာဝမ်းရေးဖြေရှင်းနေတဲ့ အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

Posted on

ပရိသတ်ကြီးရေ မိုးစက်ကတော့ မနေ့က ခရီးသွားနေရင်းအမြန်လမ်းမှာတွေ့တဲ့ အဖွားတစ်ယောက်ကို ကူညီထောက်ပံ့တဲ့ကုသိုလ်လေးကို ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ မိုးစက်ကတော့ အမြန်လမ်းပေါ်ခရီးဆက်ရင်း မိုင်တိုင်(၂၀၀) မှာ ချစ်စရာကောင်းတဲ့ဖွားဖွားတစ်ယောက် ချိုသာတဲ့ အသံလေးနဲ့ ဈေးရောင်းနေတာကိုတွေ့တာနဲ့ အဖွားဆီကိုကူညီထောက်ပံ့ခဲ့ပါတယ်တဲ့။

အဖွားကတော့ အသက် (၇၅)နှစ်ရှိနေပြီဖြစ်ပြီး မနက်ဆိုအစောကြီး ကယ်ရီနဲ့ဈေးရောင်းဖို့ ထွက်လာပြီး နေပူကျဲကျဲထဲမှာ ဘဝဝမ်းစာအတွက် ခေါက်မုန့်လေးတွေရောင်းပြီး ကြိုးစားရှာဖွေနေရတဲ့ အဖွားကို မြင်တွေ့ရတာ လေးစားဖို့လဲကောင်းသလို ၊ သနားစိတ်လေးလဲ ဝင်မိပါတာကြောင့် ကူညီထောက်ပံ့ခဲ့တာပါတဲ့။ မိုးစက်ကတော့ အဖွားထံကနေ ခေါက်မုန့်(၃)ထုတ်ဝယ်ယူပြီး ပိုက်ဆံ (၁)သိန်းကူညီခဲ့ပြီး

ပိုက်ဆံပေးလို့အဖွားကရေတွက်ပြီးချိန်မှာတော့ ရိုးသားလှတဲ့ အဖွားက “မလုပ်ပါနဲ့ သားရယ် သားတို့က လမ်းခရီး သွားရဦးမှာကို” ဆိုပြီး ပိုက်ဆံတွေကို ပြန်ပေးနေခဲ့ပါသေးတယ်တဲ့။ မိုးစက်ကတော့ အခုလိုအဖွားကို ကုညီထောက်ပံ့ခွင့်ရခဲ့တဲ့ အတွက် ဒီတစ်ခေါက်သွားရတဲ့ခရီးဟာ အရမ်းကို အဓိပ္ပါယ်ရှိပြီး အပြန်လမ်းတစ်လမ်းလုံး အပြုံးတွေနဲ့ ဝေဆာခဲ့ရတာပေါ့ဗျာဆိုပြီး ပီတိတွေဖြစ်နေခဲ့ပါသေးတယ်။

Source – Moe Sat
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-

ခရီးသြားရင္း လမ္းမွာေတြ႕တဲ့ေဈးေရာင္းကာဝမ္းေရးေျဖရွင္းေနတဲ့ အဖြားကို ကူညီေထာက္ပံ့ခဲ့တဲ့ မိုးစက္

ပရိသတ္ႀကီးေရ မိုးစက္ကေတာ့ မေန႔က ခရီးသြားေနရင္းအျမန္လမ္းမွာေတြ႕တဲ့ အဖြားတစ္ေယာက္ကို ကူညီေထာက္ပံ့တဲ့ကုသိုလ္ေလးကို ျပဳလုပ္ခဲ့တယ္လို႔ သိရွိရပါတယ္။ မိုးစက္ကေတာ့ အျမန္လမ္းေပၚခရီးဆက္ရင္း မိုင္တိုင္(၂၀၀) မွာ ခ်စ္စရာေကာင္းတဲ့ဖြားဖြားတစ္ေယာက္ ခ်ိဳသာတဲ့ အသံေလးနဲ႔ ေဈးေရာင္းေနတာကိုေတြ႕တာနဲ႔ အဖြားဆီကိုကူညီေထာက္ပံ့ခဲ့ပါတယ္တဲ့။

အဖြားကေတာ့ အသက္ (၇၅)ႏွစ္ရွိေနၿပီျဖစ္ၿပီး မနက္ဆိုအေစာႀကီး ကယ္ရီနဲ႔ေဈးေရာင္းဖို႔ ထြက္လာၿပီး ေနပူက်ဲက်ဲထဲမွာ ဘဝဝမ္းစာအတြက္ ေခါက္မုန႔္ေလးေတြေရာင္းၿပီး ႀကိဳးစားရွာေဖြေနရတဲ့ အဖြားကို ျမင္ေတြ႕ရတာ ေလးစားဖို႔လဲေကာင္းသလို ၊ သနားစိတ္ေလးလဲ ဝင္မိပါတာေၾကာင့္ ကူညီေထာက္ပံ့ခဲ့တာပါတဲ့။ မိုးစက္ကေတာ့ အဖြားထံကေန ေခါက္မုန႔္(၃)ထုတ္ဝယ္ယူၿပီး ပိုက္ဆံ (၁)သိန္းကူညီခဲ့ၿပီး

ပိုက္ဆံေပးလို႔အဖြားကေရတြက္ၿပီးခ်ိန္မွာေတာ့ ႐ိုးသားလွတဲ့ အဖြားက “မလုပ္ပါနဲ႔ သားရယ္ သားတို႔က လမ္းခရီး သြားရဦးမွာကို” ဆိုၿပီး ပိုက္ဆံေတြကို ျပန္ေပးေနခဲ့ပါေသးတယ္တဲ့။ မိုးစက္ကေတာ့ အခုလိုအဖြားကို ကုညီေထာက္ပံ့ခြင့္ရခဲ့တဲ့ အတြက္ ဒီတစ္ေခါက္သြားရတဲ့ခရီးဟာ အရမ္းကို အဓိပၸါယ္ရွိၿပီး အျပန္လမ္းတစ္လမ္းလုံး အၿပဳံးေတြနဲ႔ ေဝဆာခဲ့ရတာေပါ့ဗ်ာဆိုျပီး ပီတိေတြျဖစ္ေနခဲ့ပါေသးတယ္။

Source – Moe Sat
Chilli – CeleGabar