မွေးနေ့အလှူလေးအဖြစ် Golden Heart Animals Rescueမှာရှိတဲ့ လေလွင့်တိလေးတွေအတွက် အဟာရဒါနအလှူလေးလှူဒါန်းခဲ့တဲ့ No အဖွဲ့ဝင် ရတနာ

Posted on

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ Noအဖွဲ့ကိုတော့ ပရိသတ်တွေ မှတ်မိနေဦးမယ်ထင်ပါတယ်နော်။ သဇင်၊ရည်မွန်၊ရတနာ မိန်းကလေး (၃)ယောက်နဲ့ဖွဲ့စည်းထားခဲ့တဲ့ အဆိုတော်အဖွဲ့လေးက 90Born လူငယ်တွေရဲ့ အသည်ကျော်ဖြစ်ခဲ့တဲ့ အထိအောင်မြင်တဲ့ အဆိုတော်အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ No အဖွဲ့ဝင်ထဲကတစ်ယောက်ဖြစ်တဲ့ ရတနာကတော့ သူ့ရဲ့မွေးနေ့အလှူလေးအဖြစ်နဲ့ Golden Heart Animals Rescue Yangonမှာ ရှိတဲ့ လမ်းဘေးလေလွင့် ပိုင်ရှင်မဲ့တိလေးတွေအတွက် အဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်။ Golden Heart Animals Rescue Yangonရှိတဲ့ တိလေးတွေအတွက် ဆန် ၅ အိတ်ကို မွန်မြတ်သော စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးသွားခဲ့တာပဲဖြစ်ပါတယ်။

ရတနာရဲ့မွေးနေ့လေးကတော့ ပြီးခဲ့တဲ့ မေလ (၁၄)ရက်နေ့ကကျရောက်ခဲ့တာဖြစ်ပြီး အဟာရဒါနအလှူလေးကိုလည်း မွေးနေ့ရက်မြတ်လေးမှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ရတနာရဲ့ မွန်မြတ်လှတဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Golden Heart Animals Rescue Yangon
Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleGabar