ဂိလာန ဒုက္ခိတခွေးလေးတွေ ဆေးကုဖို့အတွက်ZIE မိသားစု နဲ့အတူ သွားရောက်လှူဒါန်းခဲ့တဲ့ မျိုးစန္ဒီကျော်

Posted on

ပရိသတ်အချစ်တော် မျိုးစန္ဒီကျော်ကတော့ဝေဒနာခံစားနေရရှာတဲ့ ဂိလာန ဒုက္ခိတခွေးလေးတွေ အေးချမ်းလုံခြုံစွာ ဆေးကုသမှု ခံယူနိုင်စေဖို့ အတွက် အလှူရှင် ZIE မိသားစုနဲ့ အတူ အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ် ။ အလှူငွေ 130,000 ကျပ် (တစ်သိန်းသုံးသောင်းကျပ်) ကို စေတနာ သဒါ္ဓတရား ထက်သန်စွာသွားရောက်လှူဒါန်းခဲ့တဲ့အတွက် Better Life Shelter – SDLG ပေ့ချ်မှာဖော်ပြထားတာပဲဖြစ်ပါတယ် ။

အကူညီ လိုအပ်နေတဲ့ ဂိလာနလေးတွေ များပြားပြီး လှူဒါန်းသူ နည်းပါးကြတဲ့ ဂိလာန ကလေးများ အတွက် တကယ့်ကို အထောက်ကူဖြစ်ပြီး မွန်မြတ်တဲ့အလှူလေးပါပဲ ပရိသတ်ကြီးရေ ..။ Better Life Shelter – SDLG ကလည်း ကလေးတွေအတွက်အခုလို လှူဒါန်းပေးရတဲ့ အကျိုးကြောင့် အလှူရှင်ZIE မိသားစု နှင့် တကွ မိသားစုဝင်များအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာပြီး ကုသိုလ်များပြုနိုင်အောင် ကျန်းမာကြပါစေ၊ ကုသိုလ်များပြုနိုင်အောင် ချမ်းသာကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။

အခုလို မွန်မြတ်တဲ့ ကုသိုလ်အလှူလေးအတွက် ZIE မိသားစုနဲ့တကွ သရုပ်ဆောင် မျိုးစန္ဒီကျော် တို့ သတ္တဝါလေးများကို စိတ်ရှိတိုင်း လှည့်မကြည့်တမ်း ကယ်တင်နိုင်သောသူများ ဖြစ်ကြပါစေ လို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့အတွက် အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Myo Sandi Kyaw
Emilly (Cele Gabar)